Published_ 18 September 2023

ဂြိုဟ်သားအလောင်းများ တွေ့ရှိခဲ့ခြင်းဟာ လူသားသမိုင်းမှာ အရေးပါဆုံး တွေ့ရှိမှုတွေထဲက တစ်ခုဖြစ်ပြီး မက်ဆီကိုဂျာနယ်လစ်နဲ့ အမည်မသိယာဥ်ပျံများ (UFO )တွေကို စိတ်ဝင်စားနေခဲ့တဲ့ ဂျေမီမော်ဆန်အတွက်လည်း အရေးပါနေပါတယ်။

ဦးခေါင်းရှည်ရှည်၊ လက်တစ်ဖက်မှာ လက်ချောင်း ၃ ချောင်းစီရှိတဲ့ ပုံသဏ္ဍာန်နဲ့ မံမီဆေးစိမ်ထားတဲ့ ဂြိုဟ်သားအလောင်း ၂ ခုကို မက်ဆီကို ကွန်ဂရက်လွှတ်တော်သို့ တင်ပြထားကာ ကမ္ဘာတဝှမ်းမှာ ထိုပုံရိပ်တွေ ပျံနှံ့လျက်ရှိပြီး ဒါဟာ မဟုတ်မမှန်တင်ပြတာသာ ဖြစ်နိုင်တယ်လို့လည်း ဆိုနေကြပါတယ်။

မက်ဆီကိုမြို့ စီးပွားရေးအချက်အခြာနေရာ ဆန်တာဖေရှိ မော်ဆန်ရဲ့ရုံးမှာ အဖွဲ့ဝင်တွေက အလောင်းတွေထည့်ထားကာ မှန်အဖုံးဖြင့်ပိတ်ထားတဲ့ သေတ္တာနှစ်လုံးကို အစိမ်းရောင်ဖန်သားပြင်ရှိတဲ့ စတူဒီယိုခန်းထဲသို့  ဂရုတစိုက် သယ်ဆောင်နေကြပြီး ရိုက်တာသတင်းဌာနက သောကြာနေ့က လေ့လာခွင့် ရခဲ့ပါတယ်။

လူတွေက အနီးကပ် လာရောက်ကြည့်ရှုကြပြီး အလောင်းတွေက ရှေးဟောင်းပုံသဏ္ဍာန်နဲ့ ဆင်တူကာ လူသားတွေလိုမျိုး မျက်လုံးနှစ်လုံး၊ ပါးစပ်တစ်ပေါက်၊ ခြေလက်နှစ်ချောင်းစီ ပါရှိပါတယ်။

သူတို့ကို ပီရူးနိုင်ငံ ပရီကိုလံဘီယမ်နက်ဇ်ကာလိုင်းစ်အနီးမှာ ၂၀၁၇ ခုနှစ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မော်ဆန်က လွှတ်တာ်ကြားနာမှုနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီအလောင်းတွေက နှစ်တစ်ထောင် သက်တမ်းရှိပြီး ကမ္ဘာပေါ်က ဘယ်မျိုးစိတ်နဲ့မှ မသက်ဆိုင်ဘူးလို့ သက်သေပြထားကြောင်း ပြောကြားခဲ့ပါတယ်။

ကိုယ်တွင်းထဲမှာ မျိုးဥများတွေ့ရှိခဲ့တဲ့ အလောင်းကိုတော့ အမဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယခင်က တွေ့ရှိမှု အလိမ်အညာတွေနဲ့ တူညီနေတဲ့ဖြစ်ရပ်ကို လူသိရှင်ကြား ဖော်ပြခဲ့တဲ့အတွက် ပီရူးလူမျိုး ဇီဝမနုဿပညာရှင် အယ်လ်ဆာတိုမက်စ်တို ကာဂီဂေါင်က စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။

အရင်ကအတိုင်း တင်ပြနေဆဲဖြစ်တဲ့ ဖြစ်ရပ်တွေကို လူတွေယုံကြည်နေသေးတာ ဘာတတ်နိုင်မှာလဲလို့ ပြောပြသွားပါတယ်။

ယခင်ကလည်း စပိန်ခေတ်မတိုင်ခင်က ကလေးအလောင်းတွေဟာ တိရိစ္ဆာန် အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ထားတယ်ဆိုပြီး သိပ္ပံပညာရှင် အသိုင်းအဝိုင်းက အသိအမှတ်မပြုခဲ့တဲ့ တွေ့ရှိချက်တွေ ရှိဖူးပါတယ်။

မော်ဆန်က သူစမ်းသပ်ခဲ့တဲ့ အလောင်းတွေရဲ့ DNA နဲ့ ကာဗွန်စမ်းသပ်ချက် ရလဒ်တွေကို ဆိုရှယ်မီဒီယာနဲ့ တင်ပြချက်တွေထဲမှာ ဖော်ပြခဲ့ပါတယ်။

အလောင်းတွေက ဘယ်လိုလုပ် ပီရူးကနေ ထွက်ခွာလာသလဲ ဆိုတာကို ပီရူးယဥ်ကျေးမှုဝန်ကြီး လက်စ်လီအာတီဂါက မေးခွန်းထုတ်လိုက်ကာ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တွေ ရရှိထားတယ်လို့ ဆိုလိုက်ပါတယ်။

တရားမဝင်တာ ဘာတစ်ခုမှ မလုပ်ထားဘူးလို့ ဆိုပေမယ့် ဒီအလောင်းတွေ မက်ဆီကိုထံသို့ ဘယ်လိုရောက်ရှိလာလဲဆိုတာကို မော်ဆန်က မဖြေရှင်းထားပါဘူး။
Source: Reuters
#World_News
#YMG #Yangon_Times