၁၇ စက်တင်ဘာ ၂၀၂၃

တော်လှန်သူပုန်ထမှုများနှင့် ပြင်ပကျူးကျော်မှုများရှိလာပါက တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ကူညီရန် ကတိကဝတ်ပြုသည့် လုံခြုံရေးစာချုပ်တစ်ခုကို  အာဖရိကတိုက်မှ အာဏာသိမ်းထားသည့် မာလီ၊နိုင်ဂျာနှင့်ဘာကီနာဖာဆိုစစ်အစိုးရများက စနေနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

လစ်တာကို- ဂေါ်မာ သဘောတူ ပဋိညာဉ်သည် ဆာဟေးလ်နိုင်ငံများမဟာမိတ်အဖွဲ့ Alliance of Sahel States (AES) ကို ဖန်တီးပေးလိမ့်မည်ဟု မာလီစစ်အစိုးရခေါင်းဆောင် အက်ဆီမီဂိုအီတာက အိတ်စ်(တွစ်တာ)တွင် ရေးသားသတင်းထုတ်ပြန်ပါတယ်။  “ ကျွန်တော်တို့ပြည်သူတွေရဲ့ အကျိုးအတွက် ကာကွယ်ရေးနှင့် အပြန်အလှန်ကူညီရေးဆိုင်ရာ စုပေါင်းဖွဲ့စည်းမှုတစ်ရပ်ကို တည်ထောင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သူကရေးသားပါတယ်။

ကုန်းတွင်းပိတ် ဆာဟေားနိုင်ငံ (၃)နိုင်ငံဟာ အယ်ကေးဒါးနှင့် အစ္စလမ်မစ်နိုင်ငံတော်(အိုင်အက်စ်)တို့ရဲ့ အစ္စလမ်မစ် သူပုန်ထတာတွေကို နှိမ်နှင်းနေကြရတဲ့အချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများ၊နိုင်ငံတကာမိမ်ဖက်များနှင့်ဆက်ဆံရေးယိုယွင်းလာနေတာ ဖြစ်ပါတယ်။

မကြာသေးမီက နိုင်ဂျာတွင် အာဏာသိမ်းမှုဖြစ်ပီဲးနောက် ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အသိုက်အဝန်း(ECOWAS) က နိုင်ငံမှာ အခြေခံဥပဒေအရအုပ်ချူပ်မှုတစ်ရပ်ပြန်ပေါ်ထွန်းလာဖို့ အင်အားသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တိုက်ခိုက်မှုရှိလာရင် နိုင်ဂျာကိုအကူအညီပေးဖို့ မာလီနှင့် ဘာကီနာဖာဆိုတို့က ကတိပေးပြီးသားတော့ဖြစ်ပါတယ်၊

လစ်တာကို-ဂေါ်မာ ဒေသဟာ မာလီ၊ဘာကီနာဖူဆိုနှင့် နိုင်ဂျာနယ်စပ်တွေ ထိတွေ့နေတဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်များက  အဲဒီဒေသဟာ ဂျီဟတ်ဝါဒီတွေရဲ့ဖျက်ဆီးတဲ့ဒဏ်ခံနေကြရပါတယ်။

“ ဒီမဟာမိတ်အဖွဲ့ဟာ နိုင်ငံ(၃)နိုင်ငံအကြား စစ်ရေးနှင့်စီးပွာ‌းရေးပေါင်းစည်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ မာလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး အက်ဒိုလာရေးဒီယော့က သတင်းစာဆရာတွေကိုပြောပါတယ်။ “ ကျွန်တော်တို့ရဲ့ ဦးစားပေးက နိုင်ငံ(၃)နိုင်ငံမှာရှိတဲ့ အကြမ်းဖက်မှုတွေကို တိုက်ခိုက်ဖို့ပဲဖြစ်တယ်” လို့ သူကပြောပါတယ်။

စာချုပ်အရ  တစ်နိုင်ငံဒါမှမဟုတ် ဒီထက်ပိုတဲ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက်တည်တံ့ခိုင်မြဲရေးကို တိုက်ခိုက်လာကြတဲ့မည်သူကိုမဆို အခြား နိုင်ငံတွေကလည်း ကျူးကျော်မှုလို့ ခံယူကြမှာဖြစ်ပါတယ်။ အဲဒီအခါ အခြားနိုင်ငံတွေက တစ်နိုင်ငံချင်းအရသော်လည်းကောင်း၊စုပေါင်း၍သော်လည်းကောင်း လက်နက်အင်အားအသုံးပြုခြင်းအပါအဝင် အကူအညီတွေ ပေးမယ် လို့လည်း ဖော်ပြထားပါတယ်

ယခု(၃) နိုင်ငံစလုံးဟာ ၂၀၁၇မှာဖွဲ့စည်းခဲ့တဲ့ ပြင်သစ်ကထောက်ခံအားပေးထားတဲ့ G5 Sahel alliance ဆာဟေးမဟာမိတ်(၅)နိုင်ငံ အဖွဲ့မှာ ချတ်ဒ်နှင့် မောရစ်တန်နီးယားတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံတွေဖြစ်နေကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြင်သစ်နှင့် ယခု(၃)နိုင်ငံရဲ့ဆက်ဆံရေးဟာ ဆိုးရွားနေပါတယ်။

Source AFP/Reuters