#World_Health
Published 15 September 2023


သင့်ကလေးရဲ့ နှာခေါင်းပေါက်ထဲ အရာဝတ္ထုတစ်ခုခု ဝင်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို Tiny Hearts ပညာပေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံဉာဏ်မျှဝေ လိုက်ပါတယ်။

 

ကလေးရဲ့နှာခေါင်းထဲ လစ်သီယံဘက်ထရီလိုပစ္စည်း ဝင်သွားခဲ့မယ်ဆိုရင် အဆိပ်သင့်အရေးပေါ်ဌာနထံ ချက်ချင်းဆက်သွယ်ရမှာ ဖြစ်ပါတယ်။

 

နှာခေါင်းထဲ အရာဝတ္ထုတစ်ခုခု ဝင်သွားတဲ့ကလေးကို အာဘွားအကြီးကြီးပေးပြီး ကုသနိုင်မယ်လို့ Tiny Hearts ပူးတွဲတည်ထောင်သူ နစ်ကီဂျာကက်ဇ်က ပြောပြခဲ့ပါတယ်။

 

၂ စက္ကန့်သာကြာတဲ့ ကုသနည်းလမ်းက အရေးပေါ်ဌာနအထိ သွားစရာမလိုပါဘူး။


ဒီနည်းလမ်းကတော့ ပစ္စည်းမရှိတဲ့ နှာခေါင်းပေါက်ကို ပိတ်ပြီး ပါးစပ်ထဲသို့ လေမှုတ်ထည့်ပေးရတာပဲ ဖြစ်ပါတယ်။

 

ထိုလေက အသက်ရှူလမ်းကြောင်းကနေ ဖြတ်ပြီး အရာဝတ္ထုကို ထွက်သွားစေမှာ ဖြစ်ပါတယ်။


ထိုနည်းလမ်းအတိုင်းပြုလုပ်ဖို့ လိုအပ်တဲ့ အဆင့် ၄ ဆင့်ကတော့..

 

၁ - ကလေးကို စိတ်ငြိမ်အောင် ထိန်းပေးပါ

 

၂ - တည့်မတ်စွာထိုင်ခိုင်းပြီး ပါးစပ်ကိုပိတ်ထားခိုင်းပါ

 

၃ - ကလေးရဲ့ပါးစပ်ကို ဖွင့်ခိုင်းကာ သင့်ပါးစပ်ဖြင့်လုံနေအောင် ညင်သာစွာတေ့ထားပါ ၄ - လက်တစ်ချောင်းဖြင့် အရာဝတ္ထုမရှိတဲ့ နှာခေါင်းပေါက်ကို ပိတ်ထားကာ ပါးစပ်ထဲသို့ လေမှုတ်ထည့်လိုက်ပါ။


 
လေမှုတ်ထည့်ရာမှာ ညင်သာရန်နဲ့ အကြိမ်အနည်းငယ်မျှ စမ်းကြည့်ပြီးနောက် အရာဝတ္ထု မထွက်ဘူးဆိုပါက ဆရာဝန်ထံ သွားရောက်ပြသသင့်ကြောင်း အကြံပြုထားပါတယ်။

လေမှုတ်ထည့်တဲ့အခါ ဆတ်ကနဲ မှုတ်ထည့်လိုက်ရမှာ ဖြစ်ပါတယ်။

 

နားစည်နဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းတို့ကို ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိပေမယ့် ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြားဖူးဘူးလို့ အဖွဲ့က ရှင်းပြထားပါတယ်။

 

ဒီနည်းလမ်းဟာ နှာခေါင်းထဲမှာ နှစ် ၂၀ ကြာအောင် ပုတီးလုံးပိတ်နေခဲ့တဲ့ ဂျော်ဂျီယာမှ အမျိုးသမီးတစ်ဦးက သူ့နှာခေါင်းထဲကနေ မှုတ်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကနေ အကြံရခဲ့တာ ဖြစ်ပါတယ်။

 

#World_Health #ညပ်နေသောအရာဝတ္ထုကိုဖယ်ထုတ်နိုင် #အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
Source: New York Post