#World_Health
Published 29 August 2023


အရွယ်ရောက်တဲ့အချိန်မှာ မျိုးမပွားနိုင်တဲ့ ပြဿနာက အဓိကစိုးရိမ်စရာ အကြောင်းအရင်းတစ်ခု ဖြစ်လာတာကို ငြင်းပယ်လို့ မရပါဘူး။

 

အမျိုးသားများ မျိုးမအောင်တဲ့ အခြေအနေက နေထိုင်စားသောက်မှု ပုံစံတွေကြောင့် ပိုဆိုးလာနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အိပ်ရာပေါ်က စွမ်းဆောင်ရည်တို့ကိုပါ ထိခိုက်လာနိုင်ပါတယ်။

 

သန္ဓေမအောင်တဲ့ ပြဿနာက ထုတ်လွတ်လိုက်တဲ့ သုတ်ရည်ထဲမှာ သုတ်ကောင်နည်းပါးခြင်း၊ ဒါမှမဟုတ် မပါဝင်ခြင်းတို့ကြောင့် ဖြစ်ပြီး အကြောင်းအရင်းများစွာကြောင့် ဖြစ်နေကြရပါတယ်။

 

(၁) အချို့သောဆေးဝါးများသုံးစွဲခြင်း

 

ဆေးတွေကြောင့် ကြွက်သားသန်မာ ကြီးထွားလာကာ ဝှေးစေ့ကို ကျုံ့သွားစေနိုင်ပြီး သုတ်ပိုးထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။

 

(၂) အရက်သေစာသောက်သုံးခြင်း

 

အရက်စွဲလမ်းခြင်းကြောင့် တက်စ်တိုစတီရုန်းပမာဏ လျော့ကျသွားကာ သုတ်ပိုးထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။

 

(၃) ဆေးရွက်ကြီးသုံးစွဲခြင်း

 

အမျိုးသားတွေ ဆေးရွက်ကြီး သောက်သုံးတဲ့အခါမှာ သုတ်ပိုးပမာဏကို လျော့နည်းစေပါတယ်။

 

(၄) ဖိစီးမှု

 

နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ အလုပ်ချိန်များလွန်းခြင်းကြောင့် အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေတဲ့အပြင် သုတ်ပိုးထုတ်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ဟော်မုန်းတွေကိုလည်း နှောင့်ယှက်ပါတယ်။

 

(၅) စိတ်ဓာတ်ကျခြင်း

 

ဒါကတော့ လူအတော်များများမှာ ဖြစ်လေ့ရှိပြီး မျိုးပွားစနစ်အတွက် သုတ်ပိုးအရေအတွက်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

 

(၆) အဝလွန်ခြင်း

 

အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အပြောင်းအလဲဖြစ်စေကာ သုတ်ပိုးထုတ်လုပ်ဖို့ အရေးကြီးတဲ့ တက်စ်တိုစတီရုန်းကို လျော့ကျစေပါတယ်။

 

(၇) ဝှေးစေ့တဝိုက်အပူချိန်များခြင်း

 

ဝှေးစေ့နားတဝိုက်မှာ အပူချိန်မြင့်တက်လာပါက သုတ်ပိုးထုတ်လုပ်မှုနဲ့ လုပ်ဆောင်ချက်ကို ကျဆင်းစေပါတယ်။

 

(၈) ဆီးချို

 

အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါက ဆက်စပ်နေပြီး တက်စ်တိုစတီရုန်းပမာဏ လျော့နည်းစေပါတယ်။

 

(၉) ရောဂါပိုးကူးစက်ခြင်း

 

အချို့သော ရောဂါကူးစက်ခြင်းတွေက သုတ်ပိုးကျန်းမာရေးနဲ့ ထုတ်လုပ်မှုကို ထိခိုက်စေကာ သုတ်လမ်းကြောင်းကိုပင် ပိတ်ဆို့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

 

(၁၀) ဓာတ်ရောင်ခြည်ထိတွေ့ခြင်း

 

ကင်ဆာဝေဒနာကြောင့် ဓာတ်ရောင်ခြည်ဖြင့် ထိတွေ့ကုသနေရသူတွေမှာ သုတ်ပိုးထုတ်လုပ်မှု လျော့နည်းစေနိုင်ပါတယ်။

 

Source: DoctorNDTV #သုတ်ပိုးအရေအတွက်ကျဆင်း
#World_Health