#World_Health
Published 15 August 2023


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဆိုဒီယမ်လျှော့ချသုံးစွဲရန် ပထမဆုံးအကြိမ် တင်ပြခဲ့ကာ ဆိုဒီယမ်အလွန်အကျွံ စားသုံးမိခြင်းသည် တစ်ကမ္ဘာတဝှမ်းမှာ ရောဂါဖြစ်ခြင်းနဲ့ အသက်သေဆုံးခြင်းတို့ရဲ့ အဓိကတရားခံ ဖြစ်နေပါတယ်။

 

ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါဆုံး ဓာတ်တွေထဲက တစ်ခုဖြစ်သလို အလွန်အကျွံစားသုံးမိပါက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ချေများပါတယ်။


ဆားမှာ ဆိုဒီယမ်အများအပြား ပါဝင်ပြီး အနည်းငယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။

 

ဆားအလွန်အကျွံစားခြင်းကြောင့် သွေးပေါင်ချိန်တိုးစေနိုင်ပြီး နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ချေ များစေကြောင်း နာဗီမွမ်ဘိုင်း မက်ဒီကာဗာဆေးရုံမှ နှလုံးသိပ္ပံညွှန်ကြားရေးမှူး ဒေါက်တာ'ဘရာဂျက်ရှ်ကူမာကွန်မာ'က ပြောကြားခဲ့ပါတယ်။

 

- ဆိုဒီယမ်အမြောက်အများပါဝင်တဲ့ အဆင့်ဆင့်ထုပ်ပိုးစားစရာများ ရှောင်ရှားသင့်ပါတယ်။

 

- ထမင်းစားစားပွဲမှ ဆားနဲ့ အငန်ဓာတ်ပါတဲ့ အချဉ်ရည်များ ဖယ်ရှားသင့်ပါတယ်။

 

- အရသာအတွက် ဆားအသုံးပြုမယ့်အစား ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးရွက်ပင်များ၊ ကြက်သွန်ဖြူ၊ ရှောက်သီးတို့ကို အသုံးပြုသင့်ပါတယ်။

 

- အငန်ဓာတ်ပါတဲ့ အာလူးကြော်များ၊ ခရက်ကာများစတဲ့ မုန့်များ မစားသုံးသင့်ပါ။

 

- စားစရာဝယ်ယူတဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကို သေချာဖတ်ရှုစစ်ဆေးသင့်ပါတယ်။

 

ဆိုဒီယမ်မပါတဲ့ စားစရာဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက DASH လို့ခေါ်တဲ့ သွေးတိုးကင်းဝေးစေရန် စားစရာနည်းလမ်းပဲ ဖြစ်ပါတယ်။

 

ထိုစားသောက်ပုံစံက ဆိုဒီယမ်နည်းပါးခြင်း၊ မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် မြင့်မားခြင်း၊ ပြည့်ဝဆီနည်းပါးခြင်းတို့ ပါဝင်ကာ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသီးအနှံ၊ အဆီနည်းတဲ့နို့တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။

 

ဆိုဒီယမ်စားသုံးမှုကန့်သတ်ချက်က တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂,၃၀၀ မီလီဂရမ်အောက်သာ ရှိသင့်ပါတယ်။

 

ဒါကြောင့် ဆားစားသုံးမှု ရှောင်ရှားနိုင်ရန်အတွက် ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးကြော်တို့လို အသင့်စား စားစရာများလျှော့ချစားသုံးခြင်း၊ အသင့်ထုပ်ပိုးပြီးသော စားစရာများ ရှောင်ရှားခြင်း၊ အချဉ်ရည် ဆော့စ်များရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။

 

Source: India Today
#World_Health #နှလုံးကျန်းမာရေး #ဆားအလွန်အကျွံစားသုံးခြင်း