#World_Health
Published 3 August 2023


ဒီမန်ရှာနဲ့ နှလုံးရောဂါတို့အပေါ် အစားအစာစားသုံးခြင်းရဲ့ သက်ရောက်မှုနဲ့ ပတ်သက်တဲ့ လေ့လာမှုအသစ်ကို ဒေါက်တာ'မိုင်ယာရို့စ်မန်း'က သုတေသနပြုခဲ့ပါတယ်။

 

ကြက်ဥအနှစ်မှာပါဝင်တဲ့ လက်စီသင်က ဒီမန်ရှာလို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းကို လျော့ကျစေနိုင်တယ်လို့ Clinical Nutrition အမေရိကန်ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

စမ်းသပ်မှုအတွက် လူပေါင်း ၃,၂၂၇ ဦးနဲ့ ဒီမန်ရှာခံစားနေရတဲ့ လူပေါင်း ၂၅၀ ဦးတို့ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါတယ်။

 

သူတို့ရဲ့ စားသောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကာ လက်စီသင်ပါတဲ့ အစားအစာကို နေ့စဉ်စားသောက်ခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ချေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

လက်စီသင်က ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းရှိ အာရုံကြောလှုပ်ရှားမှုမှာ အဓိကအစိတ်အပိုင်းဖြစ်ပြီး စားသောက်ကုန်လုပ်ငန်းတွေမှာလည်း အသုံးပြုကြပါတယ်။

 

လက်စီသင်ပါဝင်တဲ့ အဓိကရင်းမြစ်တွေက အသည်း၊ ကြက်ဥ၊ အခွံမာသီးအမျိုးမျိုး၊ ပဲပိစပ်၊ ပဲအမျိုးမျိုးတို့ဖြစ်ပြီး ကြက်သား၊ ငါး၊ အချို့သောချောကလက်တွေမှာလည်း တွေ့ရတတ်ပါတယ်။

 

အသည်းကတော့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေကို ဖြိုခွဲတဲ့အင်္ဂါဖြစ်တာကြောင့် တကယ်တမ်းကျန်းမာရေးနဲ့ မညီညွတ်ဘဲ ကြက်ဥနဲ့ ပဲပိစပ်တို့ကသာ လက်စီသင်အားထားရာ အစားအစာတွေ ဖြစ်ပါတယ်။

 

ကြက်ဥတွေဟာ နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်းမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က မှားယွင်းစွာယူဆခဲ့တာသာဖြစ်ကြောင်း ရို့စ်မန်းက ဖော်ပြခဲ့ပါတယ်။

 

နှလုံးရောဂါဖြစ်ရတာတွေက ကာဗိုဟိုက်ဒရိတ်တွေနဲ့ စက်မှုလုပ်ငန်းထုတ်အဆီတွေကြောင့် ဖြစ်ပါတယ်။

 

နောက်ထပ်လေ့လာချက်မှာတော့ တစ်နေ့ကို ကြက်ဥ ၂ လုံးစားပေးခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်တယ်လို့ တွေ့ထားပါတယ်။

 

ကြက်ဥထဲမှာပါတဲ့ လက်စီသင်က ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဖြစ်ပါတယ်။

 

#World_Health
Source: The Jerusalem Post #ဒီမန်ရှာရောဂါဖြစ်နိုင်ချေကို လျှော့ချ