Published_ 29 July 2023

အဓိကသမုဒ္ဒရာရေစီးကြောင်းစနစ်ရဲ့ ပျက်စီးနိုင်ချေကြောင့် အနာဂတ်မှာ ဥရောပမှာ ပိုမိုချမ်းအေးလာနိုင်ကြောင်း သုတေသီများ ခန့်မှန်းလိုက်ပါတယ်။

သာမိုဟေလင်း ခေါ် AMOC စနစ်ဟာ မြောက်အတ္တလန္တိတ်ဒေသနဲ့ အပူပိုင်းဒေသများကြား အပူဖြန့်ဝေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကိုပင်ဟေဂင်တက္ကသိုလ်မှ သုတေသီများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း သမုဒ္ဒရာအပူချိန် အချက်အလက်များကို တွက်ချက်ကြည့်ရာ အတ္တလန္တိတ်သမုဒ္ဒရာရေစီးကြောင်း ၂၀၂၅ မှ ၂၀၉၅ ခုနှစ်အတွင်း ပျက်စီးသွားနိုင်ချေ ၉၅ ရာခိုင်နှုန်းရှိနေကြောင်း Nature communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ပျက်စီးနိုင်ချေအများဆုံးရှိတာကတော့ ၂၀၅၇ ခုနှစ်ဖြစ်နေပြီး အပူပိုင်းဒေသတွေမှာ ပိုမိုပူနွေးလာခြင်း၊ မြောက်အတ္တလန္တိတ်ဒေသမှာ မုန်တိုင်းပိုမိုဖြစ်ပွားနိုင်ခြင်းစတဲ့ ရာသီဥတုပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

အတ္တလန္တိတ်ရေစီးကြောင်း ပျက်စီးသွားပါက ကမ္ဘာကြီးအပူချိန်ပြောင်းလဲသွားနိုင်ကာ ကမ္ဘာ့ရာသီဥတုအတွက် ဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ကြောင်း ပရော်ဖက်ဆာ'ပီတာဒစ်လက်ဗ်ဆင်'က ရှင်းပြခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဥရောပမှာ ချမ်းအေးလာခြင်းက သိပ်ပြီးမဆိုးရွားနိုင်ပေမယ့် အပူပိုင်းဒေသတွေမှာတော့ အပူချိန်မြင့်တက်လာကာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။

သမုဒ္ဒရာရေစီးကြောင်းများ မတည်မငြိမ်ဖြစ်လာတဲ့ အစောပိုင်းအချက်ပြလေ့လာချက်များအပေါ် အခြေခံပြီး သုတေသီများ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာက ကမ္ဘာ့သမုဒ္ဒရာရေစီးကြောင်းစနစ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး အပူပိုင်းဒေသတွေကစလို့ အတ္တလန္တိတ်မြောက်ဘက်ဆုံးဒေသများအထိ အပူပျံ့နှံ့မှုမှာ အရေးပါဆုံးကဏ္ဍက ပါဝင်နေပါတယ်။

ပစ္စည်းကိရိယာအသစ်များ အသုံးပြုပြီး သာမိုဟေလင်းလည်ပတ်မှုစနစ် ပျက်စီးနိုင်ချေအများဆုံးအချိန်ကို တွက်ချက်မှုများ ပြုလုပ်နိုင်ခဲ့တယ်လို့ ပရော်ဖက်ဆာ 'ဆူဆန်ဒစ်လက်ဗ်ဆင်'က ပြောပြခဲ့ပါတယ်။

ဒီလိုအဖြစ်ဆိုးမျိုး မကြုံရအောင် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကို အရေးတကြီးလျှော့ချရန် သုတေသီများ တွန်းအားပေးနေကြပါတယ်။
Source: India Today.
#World_Science
#YMG #Yangon_Times