ပန်ဒါမကြီး ချင်ချင်၏ ၁၀နှစ်ပြည့်မွေးနေ့ပွဲ ရှီယန်မြို့တွင်ကျင်းပ

တရုတ်နိုင်ငံ ရှန်ရှီပြည်နယ်မှာ ရှီယန်မြို့ ချင်လင်း ပန်ဒါကြီးသုတေသနဌာနရှိ ချင်ချင် ပန်ဒါမကြီးရဲ့ (၁၀)နှစ်ပြည့် မွေးနေ့ပွဲကို ဇူလိုင် ၁၈ ရက် အင်္ဂ်ါနေ့က ကျင်းပပေးခဲ့ပါတယ်။
ဝါးရွက်တွေ၊မုန်လာဥဝါတွေ၊ပန်းသီးတွေနှင့် ဖရဲသီးတွေနှင့်ပြုလုပ်ထားတဲ့ မွေးနေ့ကိတ်နှင့် အပူဒဏ်သက်သာစေမယ့် မုန်လာဥဝါဖျော်ရည်အေးနှင့် မွေးနေ့ပွဲဆင်ယင်ခဲ့ပါတယ်။
ချင်ချင်ဟာ ရှန်ရှီမှာ ပထမဆုံး သဘာအတိုင်းမဟုတ်ဘဲမွေးမြူလာခဲ့တဲ့ ပန်ဒါဖြစ်ပါတယ်။ သူမဟာ သိမ်မွေ့ပြီး ၂၀၂၀ နှင့် ၂၀၂၂နှစ်တွေမှာ ပန်ဒါအမြွှာကလေးတွေမွေးပေးခဲ့ပါတယ်။
Source CCTV+