တရုတ်-အမေရိကန် အဆိုတော်နှင့်သီချင်းရေးဆရာမ ကိုကိုလီ Coco Lee ဟာ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့ပြီးနောက် ဇူလိုင် ၅ရက် ဗုဒ္ဓဟူးနေ့မှာ သေဆုံးသွားပြီလို့ သူမရဲ့မိသားစုကပြောပါတယ်။

အင်စတာဂရမ်မှာ မစ်လီရဲ့ ညီမတွေဖြစ်တဲ့ နန်စီနှင့်ကာရိုလီတို့က ပို့စ်တင်ရေးသားရာမှာ အသက် ၄၈နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုကိုလီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စိတ်ကျရောဂါခံစားနေရပြီး တနင်္ဂနွေနေ့တုန်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ သူမကို ဆေးရုံက အတတ်နိုင်ဆုံး ကိုမာဖြစ်သွားတာကို ကုသ ကယ်တင်ဖို့ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာ ဇူလိုင် ၅ရက်နေ့မှာ သူမကွယ်လွန်သွားပါပြီ” လို့ သူတို့ကရေးသားထားပါတယ်။

ကိုကိုလီဟာ ၁၉၉၀ဝန်းကျင်ကစပြီး သူမရဲ့ အနုပညာအလုပ်ကို ဟောင်ကောင်မှာစတင်ခဲ့ပါတယ်။ အဲဒီနောက် ပထမဆုံး အင်္ဂလိပ်ဘာသာဖြင့် သီဆိုတဲ့ သူမရဲ့အယ်ဘမ်ဟာ အမေရိကန်ထိပ်တန်းဇယားထဲ ဝင်ခဲ့ပါတယ်။

သူမဟာ မရေမတွက်နိုင်တဲ့ ရောင်းအကောင်းဆုံးသီချင်းတော်တော်များများကို သီဆိုခဲ့ပါတယ်လို့ သူမရဲ့ညီမတွေက ပြောပါတယ်။

“ ကိုကိုဟာ နိုင်ငံတကာ ဂီတမြင်ကွင်းမှာ တရုတ်အဆိုတော်တွေအတွက် ကမ္ဘာသစ်တစ်ခုဖွင့်လှစ်နိုင်ဖို့ မမောမပန်းနိုင် အလုပ်လုပ်ပေးခဲ့ပါတယ်” လို့သူတို့ကပြောပါတယ်။

အလွန်တော်ပြီးထူးချွန်တဲ့ အစ်မတစ်ယောက်ဖြစ်တဲ့ သူမကအတွက် ကျွန်မတို့ ဂုဏ်ယူနေပါတယ်လို့ သူတို့က ဆက်ပြောပါတယ်။

Source: CNA

#CoColee_dies

#CoColee