#World_Health
Published 21 June 2023


ဂျပန်ယဉ်ကျေးမှုအယူအဆတစ်ခုကို ပျင်းရိခြင်းကိုကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။


ဒီအယူအဆက အချိန်နဲ့အမျှ သိသာထင်ရှားတဲ့ခြားနားမှုကို ဦးတည်နေပြီး အပြောင်းအလဲငယ်များ ပြုလုပ်ရန်ရည်ရွယ်ကာ ဆက်တိုက်တိုးတက်မှုကို အလေးထားတာဖြစ်ပါတယ်။

 

ထိုနည်းလမ်းကိုကျင့်ကြံခြင်းဖြင့် လူတွေဟာ ပျင်းရိခြင်းသံသရာမှ လွတ်မြောက်နိုင်ပြီး အကျိုးရှိတဲ့အတွေးအခေါ်များ မွေးမြူနိုင်ကာ ကိုယ့်ဘာသာထိန်းကျောင်းဆုံးမမှုလည်း မြင့်မားလာမှာဖြစ်ပါတယ်။

 

ပျင်းရိခြင်းကိုကျော်လွှားဖို့ ပထမဆုံးခြေလှမ်းက ပျင်းရိနေတယ်ဆိုတာကို ကိုယ်တိုင်သိရှိဖို့လိုပြီး မိမိပျင်းရိတတ်တဲ့ အကြောင်းအရာတွေမှာ နားလည်ဖို့အတွက် အပြုအမူ၊ လုပ်ရိုးလုပ်စဉ်၊ တွေးခေါ်မှုပုံစံများကို အရင်အာရုံစိုက်ရပါမယ်။

 

တစ်မိနစ်အာရုံစိုက်ခြင်းနည်းလမ်းက ပျင်းရိခြင်းကိုကျော်လွှားဖို့ အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။


မလုပ်ချင်တဲ့အလုပ်တစ်ခုလုပ်ဖို့ရာ အချိန်တစ်မိနစ်ပေးခြင်းဖြင့် အလုပ်ကိုစလုပ်မိတာနဲ့ ခက်ခဲလွန်းတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

အလုပ်၊ လေ့ကျင့်ခန်း၊ အနားယူခြင်း၊ အခြားအရာများအတွက် အချိန်ဇယားသတ်မှတ်ပေးကာ မိမိကိုယ်ကို ထိန်းသိမ်းသင့်ပါတယ်။

 

'ပိုမိုဒိုရို'နည်းလမ်းက အချိန်စီမံခန့်ခွဲခြင်းကျွမ်းကျင်မှုကို တိုးတက်စေပြီး အလုပ်အကိုင်ဖြစ်မြောက်မှုကို တိုးတက်စေနိုင်ပါတယ်။

 

ဒီနည်းလမ်းက အလုပ်တွေကို ၂၅ မိနစ်တစ်ချိန် အပိုင်းပိုင်းဖြတ်ပြီး အနားယူဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 

အလုပ်ကြီးတွေကို အပိုင်းပိုင်းပြတ်အောင် ပြုလုပ်ပြီး ရည်မှန်းချက်ပြည့်မြောက်အောင် ဆောင်ရွက်စေနိုင်မှာဖြစ်ပါတယ်။

 

ပျင်းရိခြင်းဟာ ကိုယ်တိုင်စည်းကမ်းမရှိခြင်းကြောင့် ဖြစ်တတ်ပြီး အချိန်ဆွဲခြင်း၊ နှောင့်ယှက်မှုများ သွေးဆောင်ခြင်းတို့ကို ရှောင်ရှားနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။

 

သတ်မှတ်ရက်များထားခြင်း၊ အာရုံစူးစိုက်မှု၊ စည်းကမ်းများတိုးတက်လာစေမယ့်အလုပ်များ ဦးစားပေးခြင်းဖြင့် အောင်မြင်နိုင်မှာဖြစ်ပါတယ်။

 

တိုးတက်မှုအတွက် ကိုယ့်ကိုယ်ကိုဂုဏ်ပြုခြင်းလိုမျိုး အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

 

ဒီလိုနည်းနဲ့ လမ်းကြောင်းအတိုင်းဆက်သွားရန် လှုံ့ဆော်နိုင်ပြီး ပျင်းရိခြင်းကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။

 

လူတစ်ယောက်က အတားအဆီးတွေကို စိတ်ပျက်အားလျော့နေမယ့်အစား ကြီးပွားတိုးတက် သင်ယူလေ့လာခြင်းကို အာရုံစိုက်ပါက အလုပ်တာဝန်တွေကနေ ပိုမိုမြင့်မားတဲ့အခွင့်အလမ်းတွေ ရလာနိုင်မှာဖြစ်ပါတယ်။

 

Source: The Jerusalem Post #World_Health #ဘဝတိုးတက်စေမည့်နည်းလမ်းများ
#YMG #Yangon_Media_Group