#World_Politics
Published 9 June 2023


အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ဟာ သမ္မတရာထူးမှ ထွက်ခွာပြီးနောက် ထိပ်သီးလျှို့ဝှက်စာရွက်စာတမ်းများ ကိုင်ဆောင်ထားမှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး စွဲချက်တင်ခံထားရကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒါကြောင့် ဖက်ဒရယ်ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်နေရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်လာပါတယ်။

 

"အဂတိလိုက်စားတဲ့ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးအဖွဲ့က စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုစွဲချက်တင်ထားတယ်လို့ ကျွန်တော့်ရှေ့နေတွေက အသိပေးခဲ့ပါတယ်" လို့ သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။

 

တရားရေးဌာနဘက်ကတော့ လောလောဆယ် အတည်ပြုချက်မရသေးပါဘူး။


CNN သတင်းဌာနရဲ့တင်ပြချက်အရ ရီပတ်ဘလစ်ကန်ခေါင်းဆောင်ထရမ့်ဟာ စွဲချက် ၇ ခုဖြင့် စွဲချက်တင်ခဲ့ထားရပါတယ်။

 

သူလျှိုအက်ဥပဒေအပြင် တရားရေးနှောင့်ယှက်မှု၊ မှတ်တမ်းများအတုပြုလုပ်မှု ဖျက်ဆီးမှု၊ ပူးပေါင်းကြံစည်မှု၊ စာရွက်စာတမ်းများ ထုတ်ပြန်ချက်အတုများကို ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းမှုတို့ဖြင့် တရားစွဲခံထားရတာဖြစ်ကြောင်း နီးစပ်တဲ့သတင်းအရင်းအမြစ်ထံမှ သိရပါတယ်။

 

သူ့ကိုတရားစွဲချက်တင်ထားကြောင်း Truth Social မှာ မကြေညာမီကတည်းက ထရမ့်ရဲ့ရှေ့နေတွေကို အစိုးရရှေ့နေများက ဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။
သူ့ကို အင်္ဂါနေ့မွန်းလွဲ ၃ နာရီမှာ မိုင်ယာမီရှိဗဟိုတရားရုံသို့ ဆင့်ခေါ်ထားကြောင်း ထရမ့်က ဆိုပါတယ်။



ထရမ့်ဟာ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထပ်မံရွေးကောက်ခံဦးမယ်လို့ ကြေညာထားပါတယ်။

 

Truth Social မှာ သူဟာ အပြစ်ကင်းတယ်လို့ ဗီဒီယိုဖြင့်တင်ထားပါသေးတယ်။


ထရမ့်သိမ်းဆည်းထားတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ရှာဖွေစစ်ဆေးဖို့ အမေရိကန်ရှေ့နေချုပ်'မာရစ်ဂါလန်း'က အထူးအကြံပေး'ဂျက်ခ်စမစ်'ကို ခန့်အပ်ခဲ့ပါတယ်။

 

ထရမ့်ကတော့ သူဟာ မဟုတ်တာတစ်ခုမှမလုပ်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

 

Source: WION #World_Politics #ထိပ်သီးလျှို့ဝှက်စာရွက်စာတမ်းကိစ္စ
#အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် #YMG #Yangon_Media_Group