#World_Science
Published 8 June 2023


ဂါလ်ဗွန်းဆိုတဲ့အရာဝတ္ထုက သံမဏိထက်မာကျော၊ အလူမီနီယံထက်ပေါ့ပါးကာ ကြေးနီလိုမျိုးလျှပ်ကူးနိုင်စွမ်းရှိကြောင်း LinkedIn က ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။

 

ပစ်လွှတ်လိုက်တဲ့ကျည်ဆံထက် ပိုမြန်သလားဆိုတာကိုတော့ စဉ်းစားနေကြဆဲဖြစ်ပေမယ့် ဒီပစ္စည်းဟာ သန့်စင်နည်းပညာပိုင်းမှာ အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ဟူစတန်အခြေစိုက်ဒက်စ်မတ်မှ ပညာရှင်များကဆိုပါတယ်။

 

အီလက်ထရွန်နစ်ပစ္စည်း​တွေမှာ အရေးကြီးသတ္တုတစ်မျိုးဖြစ်တဲ့ ရှားပါးပြီးဈေးကြီးတဲ့ကြေးနီနေရာမှာ ဂါလ်ဗွန်းနဲ့ အစားထိုးလာနိုင်တယ်လို့ GreenBiz က တင်ပြထားပါတယ်။

 

တီထွင်သူတွေက ညစ်ညမ်းတဲ့ပစ္စည်းတွေနေရာမှာ အစားထိုးကာ အဆင့်မြင့်သန့်စင်နည်းပညာနဲ့ လေထုကိုပိုမိုသန့်ရှင်းအောင် ပြုလုပ်နိုင်ရန် စီစဉ်နေကြပါတယ်။

 

အမေရိကန်လေတပ်သုတေသီအေဂျင်စီ ၂ ခုက ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံမှုဖြင့် ဂါလ်ဗွန်းကိုတွေ့ရှိထားတာဖြစ်ပါတယ်။

 

ဂါလ်ဗွန်းကို တိပ်၊ ချည်၊ အကွက်၊ အခြားပုံစံများဖြင့် ပြုလုပ်ပါတယ်။


ဟိုက်ဒရိုကာဗွန်တွေကို ခွဲထုတ်ပစ်တဲ့နည်းလမ်းဖြင့် ဂါလ်ဗွန်းကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

ဂါလ်ဗွန်းရဲ့အားသာချက်များဖြင့် ပေါ့ပါးမြန်ဆန်တဲ့ယာဉ်တွေ၊ လေတာဘိုင်ဒလက်တွေ၊ လျှပ်ကူးမြင့်မားဘတ်ထရီတွေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သိုလှောင်မှု ကောင်းမွန်စေမှာဖြစ်ပါတယ်။

 

ဂါလ်ဗွန်းအမျှင်တွေကို ကွန်ကရစ်၊ အခြားပစ္စည်းတွေမှာ ထည့်သုံးခြင်းဖြင့် အဆောက်အဦများ ပိုမိုခိုင်ခံ့သက်တမ်းရှည်စေမှာဖြစ်ပါတယ်။

 

ရာသီဥတုပြောင်းလဲမှု၊ သန့်စင်စွမ်းအင်ကူးပြောင်းခြင်း စတာတွေက စက်မှုလုပ်ငန်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံများ ကြီးကြီးမားမားပြောင်းလဲရဖို့ တွန်းအားဖြစ်နေပါတယ်။

 

ထိတွေ့သမျှအရာအားလုံးမှာ ဒီပစ္စည်းသက်ရောက်နိုင်စွမ်းအများစုရှိနေတယ်လို့ GreenBiz ကိုပြောကြားခဲ့ပါတယ်။

 

Source: thecooldown #World_Science #အလူမီနီယံထက်ပေါ့ပါးသောသတ္တုပစ္စည်းအားသိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ
#YMG #Yangon_Media_Group