#World_Health
Published_ 3 June 2023

အီလက်ထရောနစ်စီးကရက်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေ လူငယ်တွေ သိသိသာသာများပြားလာပါတယ်။

ကမ္ဘာတဝှမ်းမှာ ဆေးလိပ်သောက်သူ ၁.၁ ဘီလီယံရှိပြီး နှစ်စဉ်သေဆုံးသူ ၇ သန်းကျော်ရှိကာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူထက် ပိုများနေပါတယ်။

ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက ပြောင်းလဲခြင်းမရှိဘူးဆိုပါက ၂၀၃၀ မှာ ဆေးလိပ်နဲ့ပတ်သက်တဲ့ ရောဂါကြောင့် လူ ၈ သန်း​ကျော်သေဆုံးလိမ့်မယ်လို့ WHO က ဆိုပါတယ်။

အစ္စရေးလ်မှာ ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူမိခြင်းကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ အဆုတ်ရောင်ရောဂါတို့ဖြစ်ပွားကာ တစ်နာရီနီးပါးကြာတိုင်း လူတစ်ယောက်နှုန်းသေဆုံးနေရပါတယ်။

ဒါ့အပြင် မျက်လုံးရောဂါ၊ ကိုယ်ခံအားကျဆင်းခြင်းရောဂါ၊ လေးဖက်နာ၊ မျိုးမအောင်တဲ့ပြဿနာများလည်း ဖြစ်ပွားနိုင်ပါတယ်။

လူငယ်တွေကြား ခေတ်စားလာတဲ့ အီး-စီးကရက်သုံးစွဲမှုမြင့်မားလာခြင်းကိုလည်း စိုးရိမ်နေရပါတယ်။
ဒီလို အီး-စီးကရက်တွေနဲ့ အနံ့အရသာပါတဲ့ ဆေးလိပ်ထုတ်ကုန်တွေရောင်းချခြင်းကို တားမြစ်သင့်တယ်လို့ ICA အထွေထွေညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

အီး-စီးကရက်တွေ ရေရှည်သုံးစွဲခြင်းကြောင့် နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အီး-စီးကရက်၊ ဆေးလိပ်သောက်သုံးသူတွေနဲ့ ဆေးလိပ်မသောက်သူတွေကို စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။

စီးကရက်သောက်သူတွေမှာ အပေါ်သွေး ၆ မီလီမီတာမာကျူရီတက်တဲ့အပြင် နှလုံးခုန်နှုန်းသိသိသာသာမြင့်တက်နေပြီး သွေးကြောများကျဉ်းသွားပါတယ်။

ချိုမွှေးတဲ့အနံ့အရသာပါတဲ့ အီး-စီးကရက်သောက်သုံးသူတွေက DNA ကို အများဆုံးထိခိုက်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အီး-စီးကရက်ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ အယူမှားနေကြကာ ပုံမှန်စီးကရက်သောကခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအပြင် DNA ကိုပါထိခိုက်စေပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် အသက်ကြီးတဲ့အခါ မှတ်ဉာဏ်စွမ်းရည်လည်း လျော့ကျလာပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group #Daily_News #YMG