#World_Health
Published 28 May 2023


ယူကေမှ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ကလေးအမေဖြစ်သူ'ဆိုဖီစမောလ်'ဟာ ပထမအကြိမ်ကိုယ်ဝန်ရပြီး ၄ ပတ်အကြာမှာပဲ ဒုတိယကလေးကိုယ်ဝန်ရခဲ့ကာ ကလေးမမွေးမီအထိ မသိရှိခဲ့ပါဘူး။

 

၂၀၂၀ ဩဂုတ်လမှာ 'ဟိုလီ'နဲ့'ဒါစီ'ဆိုတဲ့ သမီးနှစ်ယောက်ကိုမွေးဖွားခဲ့ပြီး အစကတော့ အမွှာမိန်းကလေးတွေအဖြစ် အမှတ်မှားခဲ့ကြပါတယ်။

 

သားဖွားဆရာမများက သူတို့ရဲ့ကိုယ်အလေးချိန်ဟွာဟချက်နဲ့ပတ်သက်ပြီး စဉ်းစားစရာဖြစ်ခဲ့ကာ ဒါစီက ၄ ပေါင် ၂ အောင်စရှိပြီး နောက်မှမွေးတဲ့ဟိုလီက ၆ ပေါင် ၁ အောင်စရှိခဲ့ပါတယ်။

ပထမကိုယ်ဝန်ရပြီး တစ်လအကြာမှာ ဒုတိယကိုယ်ဝန်ရခဲ့ကာ ထပ်ဆင့်ကိုယ်ဝန်ဆောင်အခြေအနေအဖြစ် ဆရာဝန်များတွေ့ရှိခဲ့ပါတယ်။

 

သူမဟာ ကိုယ်ဝန်ဆောင်မူးဝေခြင်းမျိုး ဆိုးဆိုးရွားရွားခံစားခဲ့ရကာ ၇ ပတ်တာကာလအတွင်း ၈ ကြိမ်ဆေးရုံတက်ခဲ့ရပါတယ်။

 

သန္ဓေအဆင့်မတူတဲ့ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရပေမယ့် မသိခဲ့ကြောင်း၊ အမွှာလို့မျှော်လင့်ထားပေမယ့် တစ်ယောက်က နောက်တစ်ယောက်ထက် အရွယ်အစားပိုကြီးနေခဲ့ကြောင်း ဆိုခဲ့ပါတယ်။

 

သူတို့အချင်းနဲ့သူတို့ရှိနေပြီး စားချင်တဲ့အချိန်စားနိုင်ပေမယ့် တစ်ယောက်ကဘာလို့ ပိုကြီးနေလဲဆိုတာ ဆရာဝန်တွေမသိခဲ့ဘူးလို့ ဆိုပါတယ်။

 

အရွယ်အစားကွာပြီးမွေးတာကြောင့် ဆရာဝန်တွေက စမ်းသပ်မှုပြုလုပ်ရာမှာ ကလေးတွေက အမွှာမဟုတ်ဘူးလို့ သိခဲ့ကြပါတယ်။

 

ဒါစီက နှစ်မိနစ်စောမွေးပေမယ့် ကိုယ်ဝန်ဆောင်ကာလ ၄ ပတ်ပိုငယ်ပါတယ်။

 

ထပ်ဆင့်ကိုယ်ဝန်ဆောင်ဆိုတာ တပြိုင်တည်းကိုယ်ဝန် ၂ ခုဆောင်ခြင်းကို ခေါ်ပါတယ်။

 

ပထမ'မမျိုးဥက သားအိမ်မှာတည်ပြီး ရက်ပိုင်းအကြာမှာ နောက်ထပ်မျိုးဥက သုတ်ပိုးနဲ့မျိုးအောင်သွားတာဖြစ်ပါတယ်။

 

တစ်ရက်တည်းမှာပဲ မွေးဖွားနိုင်ချေရှိပြီး အမွှာနဲ့မှားတတ်ကြပါတယ်။

 

Source: WION #World_Health #ကလေးနှစ်ဦးမွေးဖွားနိုင်ခဲ့
#YMG #Yangon_Media_Group