#World_Climate
Published 26 May 2023


ရာသီဥတုဖောက်ပြန်မှုက ရေနှင့်စွမ်းအင်ထောက်ပံ့မှုများကို ထိခိုက်စေတာကြောင့် အာရှနိုင်ငံ ၁၆ နိုင်ငံဟာ ဘေးအန္တရာယ်ဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဟိန္ဒူကုရှ်-ဟိမဝန္တာရေစနစ်မှာ ရာသီဥတုနဲ့ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်နေခြင်းက အာရှအတွက် အဓိကစိုးရိမ်စရာကြီးဖြစ်နေပါတယ်။

 

ရာသီဥတုဖောက်ပြန်မှုကြောင့် အဆိုပါမြစ်ဝှမ်းထိခိုက်လာရာ အိန္ဒိယအပါအဝင် အာရှဒေသမှာ အခြေအနေဆိုးဖြစ်ပေါ်လာနိုင်တဲ့ ရေစီးမှုစနစ်ကိုကာကွယ်နိုင်ဖို့ စုပေါင်းလုပ်ဆောင်မှုလိုအပ်နေပါတယ်။

 

ဟိန္ဒူကုရှ်-ဟိမဝန္တာဒေသမှ အဓိကမြစ်ကြီး ၁၀ စင်းနဲ့ ရေတာဝါတွေကို လူပေါင်း ၁ ဘီလီယံကျော်မှီခိုနေရပြီး နှစ်စဉ်ဂျီဒီပီဒေါ်လာ ၄.၃ ထရီလီယံထုတ်လုပ်ပေးပါတယ်။

 

ရေခဲပြင်အရည်ပျော်ခြင်းနဲ့ ဆိုးရွားလှတဲ့ရာသီဥတုတွေက ထိုဒေသကို ခြိမ်းခြောက်မှုတွေယူဆောင်ခဲ့ပြီးဖြစ်ကြောင်း တရုတ်ရေဘေးအန္တရာယ်သုံးသပ်ရေးအဖွဲ့က ဖော်ပြထားပါတယ်။

 

ရေစွမ်းအင်အဆောက်အအုံများ ဆောက်လုပ်ခြင်းကြောင့် ပြဿနာများပိုမိုဆိုးရွားလာစေပြီး ထိန်းသိမ်းနိုင်ခြင်းမရှိပါက ရေအန္တရာယ်ပိုတိုးများလာနိုင်ကြောင်း တင်ပြထားပါတယ်။

 

အဆိုပါ ၁၆ နိုင်ငံမှာ မြစ်တွေက ရေအားလျှပ်စစ်ရဲ့ ၄ ပုံ ၃ ပုံနဲ့ ကျောက်မီးသွေးသုံးလျှပ်စစ် ၄၄ ရာခိုင်နှုန်းတို့ကို ထောက်ပံ့ပေးထားပါတယ်။

 

တရုတ်နိုင်ငံရှိ ယန်ဇီမြစ်က တရုတ်လူဦးရေ ၃ ပုံ ၁ ပုံနဲ့ ဓာတ်အားပမာဏ ၁၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားပါတယ်။

 

ထိုဒေသမှာ ရေအားထွက်နှုန်းကျဆင်းပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်စေကာ ပြီးခဲ့တဲ့နှစ်က စံချိန်တင်မိုးခေါင်ရေရှားမှု ကြုံခဲ့ရပြီးဖြစ်ပါတယ်။

 

ရာသီဥတုအန္တရာယ်မြင့်မားလာတာနဲ့အမျှ နိုင်ငံများအနေနဲ့ စွမ်းအင်နဲ့ ရေရရှိရေးမူဝါဒများချမှတ်ရန် ဖိအားရှိနေကြောင်း သုတေသီများမှတ်ချက်ပြုခဲ့ပါတယ်။

 

ဟိမဝန္တာရေခဲတောင်တန်းတွေသာ ဆက်ပြီးအရည်ပျော်နေမယ်ဆိုရင် လူပေါင်း ၁ ဘီလီယံကျော်အပေါ် သက်ရောက်လာနိုင်တယ်လို့ ယမန်နှစ်က လေ့လာချက်တစ်ခုမှာ ထောက်ပြထားပါတယ်။


ထိုဒေသတွေမှာ ရေခဲပြင်တွေနဲ့ နှင်းတွေအရည်ပျော်ခြင်းက အရေးကြီးတဲ့ပြဿနာဖြစ်နေပြီး ရာစုနှစ်တလျှောက်လုံးဆက်ဖြစ်နေရင် တစ်နေ့နေ့မှာ ရေရရှိမှုရပ်တန့်သွားနိုင်ကြောင်း IIT-Indore အဖွဲ့မှ လေ့လာဖော်ပြခဲ့ပါတယ်။

 

Source: India Today #World_Climate #ရေရရှိရေးပြဿနာအာရှနိုင်ငံ(၁၆)နိုင်ငံကိုခြိမ်းခြောက်နေ #YMG #Yangon_Media_Group