#World_News
Published 25 May 2023


ခက်ခဲကြမ်းတမ်းတဲ့ စိုက်ပျိုးမွေးမြူရေးအသိုင်းအဝိုင်းနဲ့ ဆိုးရွားတဲ့အိမ်ထောင်ရေးကို စွန့်ခွာခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ထိပ်တန်းတေးသံရှင်တစ်ဦး ဖြစ်လာတဲ့ အမေရိကန်နွယ်ဖွားအဆိုတော်'တီနာတာနာ'ဟာ ဗုဒ္ဓဟူးနေ့က အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

 

သူမဟာ ကာလကြာရှည်စွာ နေမကောင်းဖြစ်ခဲ့ပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အနီး ကူ့စ်နာချ်ရှိ နေအိမ်မှာ ငြိမ်းချမ်းစွာကွယ်လွန်သွားကြောင်း သူ့ရဲ့ကိုယ်စားလှယ်က ပြောပြခဲ့ပါတယ်။


တာနာဟာ ၁၉၅၀ ဝန်းကျင် ရော့ခ်အင်န်ရိုးလ်အစောပိုင်းနှစ်များအတွင်း သူမရဲ့အသက်မွေးဝမ်းကြောင်းစတင်ခဲ့ပြီး MTV အဖြစ်သို့စတင်ပြောင်းလဲခဲ့ပါတယ်။

 

၁၉၈၀ ဝန်းကျင်မှာ ရွှေရောင်ဆံပင်တောက်တောက်ဖြင့် နယူးယော့ခ်စီးတီးလမ်းမတွေမှာ ဂျင်းဂျာကင်၊ မီနီစကတ်၊ ဒေါက်မြင့်ဖိနပ်ဖြင့် လှည့်လည်ဖျော်ဖြေခဲ့ကြပါတယ်။

 

ရော့ခ်အင်န်ရိုးလ်ဘုရင်မအဖြစ် နာမည်ပြောင်ရခဲ့ပြီး ၁၉၈၀ ဝန်းကျင်မှာ ဂရမ်မီဆီ ၈ ဆုအနက် ၆ ဆုရရှိခဲ့ပါတယ်။

 

အဆိုပါဆယ်စုနှစ်အတွင်း သူမရဲ့သီချင်းတစ်ဒါဇင်ခန့်ဟာ ထိပ်ဆုံးတေးသီချင်း ၄၀ မှာ ပါဝင်ခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ်က ရီယိုဒီဂျနေရိုမှာဖျော်ဖြေခဲ့တဲ့ ရှိုးပွဲဟာ လူပေါင်း ၁၈၀,၀၀၀ လာရောက်ခဲ့ပြီး တစ်ဦးချင်းဖျော်ဖြေပွဲတွေထဲမှာ ပရိသတ်အများဆုံးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

 

ထိုစူပါစတားက ၁၉၆၀ နဲ့ ၁၉၇၀ များအတွင်း အိမ်ထောင်ရေးနဲ့ ဂီတလက်တွဲဖော်ဖြစ်ခဲ့တဲ့ ခင်ပွန်းဟောင်းကနေ နှိပ်စက်စော်ကားမှုများ ခံစားခဲ့ရပါတယ်။

 

ထိုစဉ်က မျက်လုံးပွန်းပဲ့ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ မေးရိုးကျိုးခြင်း၊ အခြားဒဏ်ရာများကြောင့် အရေးပေါ်ခန်းသို့ ထပ်ခါထပ်ခါရောက်ရှိခဲ့ပါတယ်။

 

တာနာရဲ့အကျော်ကြားဆုံးသီချင်းအများစုကို အခြားသူများကရေးသားခဲ့ပေမယ့် သူမရဲ့အသံကို ထူးခြားတဲ့တူရိယာတစ်ခုလို့ နယူးယော့ခ်တိုင်းမ်စ်တေးဂီတဝေဖန်ရေးသမား 'ဂျွန်ပါရဲလိစ်'က ဖော်ပြခဲ့ပါတယ်။

 

တာနာဟာ ကောင်းကင်ကပေးတဲ့ အကောင်ဆုံးဆုလက်ဆောင်တစ်ခုဖြစ်ကြောင်း သရုပ်ဆောင်'အိန်ဂျလာဘက်ဆက်'က ဖော်ပြခဲ့ပါတယ်။

 

ရိုးလင်းစတုန်းစ်ရဲ့ မစ်ခ်ဂျက်ဂါကလည်း တာနာကွယ်လွန်ခြင်းကြောင့် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ကလည်း တာနာကို မျိုးဆက်တစ်ခုမှာ တစ်ယောက်သာတွေ့ရတဲ့လူမျိုးဖြစ်ပြီး သူမရဲ့ခွန်အားက မှတ်သားလောက်စရာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

အခက်အခဲတွေ နှိပ်စက်ခံရမှုတွေကို ကျော်လွှားပြီး နှစ်ပေါင်းများစွာတိုင်အောင် အမွေအနှစ်တစ်ခုတည်ဆောက်နိုင်ခဲ့တယ်လို့ ဘိုင်ဒင်က ဖော်ပြခဲ့ပါတယ်။

 

#Source: Reuters #World_News #ရော့ခ်အင်န်ရိုးလ်ဘုရင်မ # “တီနာတာနာ”
#YMG #Yangon_Media_Group