Published 22 May 2023

ဖိလစ်ပိုင်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ နှစ်၁၀၀နီးပါးသက်တမ်းရှိ  မနီလာဗဟိုစာတိုက်ကြီး  တနင်္ဂနွေညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ(၇)ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။

တနင်္ဂနွေည သန်းခေါင်ယံမတိုင်ခင်ကလေးမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရောမနှင့်ဂရိရှေးဟောင်းဂန္တဝင်ပုံစံ အထပ်ငါးထပ်ပါ အဲဒီ မနီလာဗဟိုစာတိုက်ကြီးအဆောက်အဦကြီးကို (၇)နာရီကျော်ကြာ မီးငြိမ်းးသတ်ခဲ့ရပါတယ်။

#YangonMediaGroup

#မနီလာဗဟိုစာတိုက်ကြီးမီးလောင်

#မနီလာဗဟိုစာတိုက်ကြီး