#World_Health
Published 23 May 2023


စိတ်ဖိစီးမှုဆိုတာ သဘာဝအတိုင်းဖြစ်လေ့ဖြစ်ထရှိပြီး ရေရှည်ဖြစ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာပါ ဆိုးကျိုးဖြစ်ပေါ်လာစေနိုင်ပါတယ်။

 

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းမှာ ကော်တီဆောလ်လိုမျိုး ဟော်မုန်းများထွက်လာကာ ကိုယ်ခံအားကိုသက်ရောက်စေပြီး ရောင်ရမ်းမှုဖြစ်ပေါ်စေပါတယ်။

 

ဒီလိုအခြေအနေကနေ အင်ပျဉ်ထခြင်းလိုမျိုး အရေပြားပြဿနာများ ပိုမိုဆိုးရွားစေပါတယ်။


ဒါ့အပြင် အဆီဓာတ်ထုတ်လုပ်မှုများလာကာ ဝက်ခြံပိုထွက်လာနိုင်ပြီး သမင်ဖြူလိုရောဂါမျိုးလည်း ဖြစ်ပွားတတ်ပါတယ်။

 

အစ္စရေးလ်မှာဆိုရင် စိတ်ဖိစီးမှုကြောင့် အင်ပျဉ်ဖြစ်ပွားသူ သိန်းပေါင်းများစွာရှိနေကာ ရောဂါရှာဖွေသိရှိလေ့မရှိပါဘူး။

 

အင်ပျဉ်ဆိုတာက ခန္ဓာကိုယ်နေရာအမျိုးမျိုးမှာ နီရဲယားယံကွက်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်တာပါ။

 

အလွန်ယားယံတတ်ပြီး လှုပ်ရှားသွားလာနေရာမှ မထင်မှတ်ပဲပေါ်လာတတ်ပါတယ်။

 

အင်ပျဉ်၊ ဓာတ်မတည့်ခြင်း၊ အခြားအရေပြားပြဿနာတွေကြား မှားယွင်းတတ်တာကြောင့် ရက်အတော်ကြာယားယံခြင်းမျိုး မပျောက်သွားဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။



အထူးသဖြင့် ရင်ကျပ်မျိုးရိုးလိုက်သူ၊ မျက်စိဓာတ်မတည့်ဘဲရောင်ရမ်းသူ၊ အရေပြားဓာတ်မတည့်ခြင်းဖြစ်ပွားတဲ့ သူတွေမှာ ဂရုစိုက်သင့်ပါတယ်။

 

စိတ်ဖိစီးမှုအပြင် ကူးစက်ရောဂါ၊ ဆေးဝါးအချို့၊ အပင် သတ္တဝါနှင့်ထိတွေ့ခြင်း၊ အတွင်းရောဂါများကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။

 

လက်၊ ခြေထောက်၊ ရင်ဘတ်၊ ဝမ်းဗိုက်တို့မှာ အင်ပျဉ်ပေါ်ပေါက်တာကတော့ အသက်အန္တရာယ်မဖြစ်နိုင်ပေမယ့် အချို့လူတွေမှာ အရေပြားအောက် တစ်ရှူးပျော့ရောင်ရမ်းခြင်းပါ ဖြစ်ပေါ်တတ်ပါတယ်။

 

ဒီလိုရောင်ရမ်းခြင်းက မျက်နှာ၊ မျက်ခွံ၊ နှုတ်ခမ်း၊ နားရွက်၊ ပါးစပ်၊ လက်၊ ခြေ၊ မျိုးပွားအင်္ဂါများမှာပါ ဖြစ်ပေါ်တတ်ကာ နာကျင်ခြင်းပါ ခံစားရတတ်ပါတယ်။

 

အသက်ရှူလမ်းကြောင်း လျှာတို့မှာပါ ကူးစက်လာရင်တော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်ကာ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

 

ပထမဆုံးကုသနည်းကတော့ ရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်မယ့် ဟစ္စတာမင်းဆန့်ကျင်ပစ္စည်းတွေပါပဲ။

 

ဒီဆေးရဲ့သက်ရောက်မှုက ငိုက်မျဉ်းစေတာကြောင့် တွက်ချက်ပြီးမှ အသုံးပြုသင့်ပါတယ်။


အခုဆိုရင် အဆင့်မြင့်တဲ့ဆေးဝါးများပေါ်ပေါက်လာကာ IGE ပဋိပစ္စည်းထုတ်လုပ်မှုကို ဆန့်ကျင်ပေးတာဖြစ်ပါတယ်။

 

အင်ပျဉ်ဖြစ်လို့ မပျောက်ဘူးဆိုရင် သိကျွမ်းနားလည်တဲ့ အရေပြားအထူးကုနဲ့ ပြသသင့်ပါတယ်။

 

Source: The Jerusalem Post #World_Health #အရေပြားနီရဲယားယံခြင်း
#YMG #Yangon_Media_Group