Published 22 May 2023

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မကြာသေးခင်က တောင်အာဖရိကနှင့်ကင်ညာနိုင်ငံတွေ ကပြန်လာပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့သိရပါတယ်။

“ ဒီမနက်မှာ ကျွန်တော်ဟာ ပထမဆုံးအနေနှင့် ကိုဗစ်-၁၉ကူးစက်ခံရပါတယ်” လို့ မေ၂၂ ရက် ဒီကနေ့မှာ သူဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်ကနေ ကြေညာခဲ့ပါတယ်။

“ မကြာသေးခင်က ကျွန်တော်ခရီးကပြန်လာပြီး ကိုဗစ်တွေ့တာပါ။ ပုံမှန်အားဖြင့် ကျွန်တော်နေရထိုင်ရ အဆင် ပြေပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာဝန်ကတော့ ရောဂါလက္ခဏာတွေမပြတော့တဲ့အထိ ကျွန်တော် တစ်ဦးတည်းနေဖို့ အကြံပြုထားပါတယ်” လို့ သူကပြောပါတယ်။

အသက်၇၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို သူ့အသက်အရွယ်အရ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Paxlovid ကို ဆရာဝန်က ပေးထားတယ်လို့ သူကပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ အားဖြည့်ကာကွယ်ဆေးတစ်လုံးထပ်   ထိုးထားသေး  တယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

မစ္စတာလီဟာ တောင်အာဖရိက ကိတ်တောင်းမြို့တော်ကို မေ၁၄မှ ၁၆ရက်အထိနှင့် ကင်ညာနိုင်ငံ နာရိုဘီမြို့တော်ကို မေ ၁၇ မှ ၁၉ ထိ ခရီးသွားခဲ့တာဖြစ်ပါတယ်။

စင်္ကာပူမှာ ကိုဗစ်ကူးစက်မှုလှိုင်းထပ်ကြုံနေရပြီး ဧပြီလမှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တာပါ

Source Channel News Asia

READ HERE ..⏭⏭⏭

✅Website>>>>

✅Telegram>>>>>

#YangonMediaGroup

#စင်္ကာပူဝန်ကြီးချုပ်_ကိုဗစ်ကူးစက်ခံရ

#စင်္ကာပူ_ကိုဗစ်-၁၉