#World_Science
Published 17 May 2023

အင်္ဂါဂြိုဟ်မှာ တစ်ချိန်က လျင်မြန်စွာစီးဆင်းနေတဲ့မြစ်များနဲ့ ရေကန်များရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားဟာ ဂြိုဟ်နီရဲ့မျက်နှာပြင်မှာ နစ်မြုပ်နေပါတယ်။

ဂျဇီးရိုးပေါက်ကွဲကျင်းမှာ လှည့်ပတ်နေတဲ့ ပါစီဗီရန့်စ်ရိုဗာကနေ တွေ့ရှိတဲ့အထောက်အထားအရ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိခဲ့တယ်ဆိုတဲ့အထောက်အများအကြောင်း ပြန်လည်စဉ်းစားစရာဖြစ်လာပါတယ်။

အိမ်စီးကားအရွယ်ရှိ နက္ခတ္တယာဉ်မှရိုက်ကူးမိတဲ့ပုံရိပ်များအရ အင်္ဂါဂြိုဟ်ပေါ်မှာ တသွင်သွင်စီးဆင်းခဲ့တဲ့မြစ်ရှိခဲ့တယ်ဆိုတဲ့ လက္ခဏာများ မြင်တွေ့ရပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီမြစ်ဟာ အရင်ကတွေ့ရှိခဲ့တဲ့အထောက်အထားတွေထက် ပိုမိုနက်ရှိုင်းကာ လျင်မြန်စွာစီးဆင်းနေတာဖြစ်ပြီး ဂျဇီးရိုးပေါက်ကွဲကျင်းဝထဲသို့ စီးဆင်းနေတဲ့ရေလမ်းကြောင်းကွန်ရက်ရဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။

ဒီလိုရေတည်ရှိတဲ့ပတ်ဝန်းကျင်ကို နားလည်ခြင်းဖြင့် မာရှန်ကျောက်ထဲမှာ ထိန်းသိမ်းထားဖွယ်ရှိတဲ့ ရှေးဟောင်းအဏုဇီဝသက်ရှိများရဲ့ လက္ခဏာများကိုရှာဖွေရန် သိပ္ပံပညာရှင်များအတွက် အကူအညီဖြစ်စေနိုင်ကြောင်း နာဆာ(NASA)မှ ပြောကြားလိုက်ပါတယ်။

အရင်က ရေကန်များ၊ မြစ်များ၊ သမုဒ္ဒရာများကဲ့သို့ ရေအများအပြားကိန်းအောင်းနေကာ ရှေးဟောင်းအဏုဇီဝသက်ရှိများရှိခဲ့တဲ့လက္ခဏာများကို အင်္ဂါဂြိုဟ်ပေါ်ရှိ ပါစီဗီရန့်စ်ရိုဗာယာဉ်က ရှာဖွေနေတာဖြစ်ပါတယ်။

အဆိုပါရိုဗာယာဉ်ရှာဖွေနေတဲ့အရာက အမြင့်ပေ ၈၂၀ ရှိ ပန်ကာပုံသဏ္ဍာန်ရှိ အနည်ကျကျောက်တုံးကြီးရဲ့ထိပ်ကို စူးစမ်းလေ့လာနေတာဖြစ်ပြီး ကွေ့ကောက်နေတဲ့ ရေများစီးဆင်းနေတဲ့အလွှာများ ပါရှိပါတယ်။

သိပ္ပံပညာရှင်များဟာ အစောပိုင်းက ဂျဇီးရိုးပေါက်ကွဲကျင်းဝအတွင်းရှိ ကျောက်တုံးများစီရီတည်ရှိနေပုံကို အာကာသကနေ သတိပြုမိခဲ့ပါတယ်။

ကွေးကောက်နေတဲ့အလွှာတွေက ရေစီးဆင်းအားပြင်းထန်တာကြောင့်လို့ ယူဆရပြီး Mastcam-Z ရဲ့အသေးစိတ်ရိုက်ကူးချက်များအရ အငြင်းပွားစရာဖြစ်နေပါတယ်။

လေက အနည်ထိပ်များကိုဖြတ်တောက်ဟန်ရပြီး ကမ္ဘာပေါ်မှာလည်း ဒီလိုအနည်များတွေ့ရပေမယ့် အင်္ဂါဂြိုဟ်မှာလို ကောင်းစွာမမြင်ရကြောင်း၊ ကမ္ဘာမြေက ဒီအလွှာတွေကို အပင်များဖြင့်ဖုံးကွယ်ထားကြောင်း ရိုဗာကျွမ်းကျင်ပညာရှင်'မိုက်ကယ်လမ့်'က ပြောကြားသွားပါတယ်။

လေ့လာရေးအဖွဲ့က ပုံရိပ်အသစ်များကို အသေးစိတ်ကြည့်ရှုလေ့လာနေပြီး ဂြိုဟ်နီရဲ့အဖြစ်မှန်ကို ပိုမိုကောင်းမွန်စွာနားလည်ရန်အတွက် ပါစီဗီရန့်စ်ပေါ်မှာ မြေပြင်ထိုးဖောက်ရေဒါကိရိယာကို အသုံးပြုကာ မျက်နှာပြင်အောက်ဘက်မှာ လှည့်ပတ်နေပါတယ်။
Source: India Today
#World_Science #အင်္ဂါဂြိုဟ် #လျင်မြန်ကြမ်းတမ်းစွာစီးဆင်းနေခဲ့သည့်မြစ် #Perseverance roverယာဉ်
#YMG #Yangon_Media_Group