#World_Health
Published 28 April 2023


ကလေးဘဝတုန်းက ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရသူများဟာ အရွယ်ရောက်ပြီးစအချိန်မှာ ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်နိုင်ချေ ပိုများကြောင်း ဧပြီလအစောပိုင်းက လေ့လာဖော်ပြခဲ့ပါတယ်။

 

၁၉၈၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း မွေးခဲ့တဲ့ ဒိန်းမတ်လူမျိုးပေါင်း ၁.၂ သန်းကျော်ကို လေ့လာခဲ့ရာ ဒုက္ခတွေပိုမိုကြုံတွေ့ခဲ့ရသူတွေက အခြားသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

ဒုက္ခဘေးဆိုရာမှာ ဆင်းရဲခြင်း၊ မိဘများအလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆွေမျိုးသားချင်းဆုံးပါးခြင်း၊ စိတ်ရောဂါရှိခြင်း၊ အရက်စွဲလမ်းခြင်း၊ မွေးစားခံရခြင်း စတာတွေပါဝင်ပါတယ်။

 

ကလေးဘဝက ဆင်းရဲဒုက္ခခံရပြီး ဆီးချိုဖြစ်နိုင်ချေများသူတွေထဲမှာ အမျိုးသမီးတွေက ဖြစ်နိုင်ချေပိုနည်းနေပါတယ်။

 

ဒီလေ့လာမှုက ဆယ်ကျော်သက်တွေနဲ့ လူရွယ်များမှာ သုံးသပ်ထားတာဖြစ်ကာ သူတို့ရဲ့တွေ့ရှိချက်က ကလေးဘဝဆင်းရဲဒုက္ခဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းများကို လျှော့ချကာ ဆီးချိုရောဂါဖြစ်မလာအောင် တားဆီးဖို့အသုံးဝင်နိုင်ဖွယ်ရှိပါတယ်။

 

ဆီးချိုရောဂါဆိုတာ ပုံမှန်လေ့ကျင့်ခန်းမပြုလုပ်တာကြောင့် အဓိကဖြစ်ပြီး သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်အစားများလွန်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

အစ္စရေးလ်လူမျိုးတွေထဲမှာ ဆီးချိုရောဂါတွေ့ရှိထားသူ ၆ သိန်းနီးပါးရှိနေပါတယ်။

 

၁၉၉၀ အစောပိုင်းက ကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာ ပထမဆုံးဆီးချိုတွေ့ရှိခဲ့ပြီး အဝလွန်နိုင်ချေများနေခဲ့ပါတယ်။

 

အဲဒီနောက်ပိုင်း ဆီးချိုရောဂါဖြစ်ပွားသူငယ်ရွယ်သူအရေအတွက် မြင့်မားလာပြီး ကလေးဘဝအဝလွန်ခြင်းအခြေအနေလည်း အပြိုင်မြင့်တက်လာပါတယ်။

 

ရမ်ဘမ်ကျန်းမာရေးစောင့်ရှောက်မှုသုတေသီများက ကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာ ဆီးချိုရောဂါဒုတိယအမျိုးအစား စိုးရိမ်ဖွယ်မြင့်တက်လာကြောင်း ဖော်ပြခဲ့ကြပါတယ်။

 

#Source: The Jerusalem Post #World_Health #ကလေးဘဝ #စိတ်ဒဏ်ရာခံစားခဲ့ရသူ #ဆီးချိုရောဂါ #YMG #Yangon_Media_Group