Published 20 April 2023

အက်စထရိုကေပေါ့တ်အဖွဲ့သားတစ်ဦးဖြစ်တဲ့ အဆိုတော် မွန်းဘင်ဟာ ဧပြီ (၁၉)ရက် ဗုဒ္ဓဟူးနေ့ ည ၈နာရီ ၁၀မိနစ်ခန့်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တောင်ပိုင်း၊ ဂန်နမ်းအရပ်က သူ့ရဲ့ အိမ်မှာ သေဆုံးလျက်တွေ့ကြရတယ်လို့ ကိုရီးယား မီဒီယာများကရေးသားကြပါတယ်။သူသေဆုံးချိန်မှာ အသက် ၂၅နှစ်သာရှိပါသေးတယ်။

သေဆုံးနေတဲ့ သူ့ရုပ်အလောင်းးကို သူ့ရဲ့ တေးဂီတအဖွဲ့မန်နေဂျာက ရဲထံ အသိပေးခဲ့တယ်လို့ ရဲက ပြောပါတယ်။ မွန်းဘင် ကိုဆက်သွယ်လို့မရလို့ သူ့အိမ်ကိုလိုက်သွားခဲ့တာဖြစ်တယ်လို့ မန်နေဂျာက ရဲကိုပြောပါတယ်။ အဆိုတော်ဟာ ကိုယ့်ကိုကိုယ်သတ်သေလိုက်ပုံရတယ်လို့လည်း ရဲက ပြောလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို့လည်း ဆိုပါတယ်။

“ အက်စထရိုရဲ့ မွန်ဘင်းဟာ ကျွန်တော်တို့ရဲ့ဘေးကနေ ရုတ်တရက်ထွက်ခွာသွားပြီး ကောင်းကင်မှာ ကြယ်တစ်ပွင့် ဖြစ်သွားခဲ့ပါပြီ” လို့ သူ့ရဲ့ အေဂျင်စီ ဖန်တီဂီယိုက ကြေညာပါတယ်။

“ အက်စထရိုရဲ့ အဖွဲ့သားတွေအားလုံး၊အက်စထရိုက လုပ်ဖော်ကိုင်ဖက်အနုပညာရှင်များနှင့်ဝန်ထမ်းတွေဟာ ကြေကွဲဝမ်း နည်းမှုနှင့်အတူ မင်သက်ကြရပါတယ်။ သူ့ဆုံးရှုံးမှုအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြရတယ်။ ကွယ်လွန်သူ ကြယ်ပွင့်ဟာ  သူ့ရဲ့ပရိဿတ်တွေကို ဘယ်လိုချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားလို့ ပိုပြီး စိတ်ထိခိုက်ရတယ်” လို့လ ကြေညာချက်မှာဖော်ပြထားပါတယ်။

မွန်းဘင်ဟာ ၂၀၁၆ ခုနှစ်မှာ အက်စထရိုရဲ့ အဖွဲ့သားတစ်ဦးဖြစ်လာခဲ့တာပါ။ ၂၀၂၀ပြည့်နှစ်မှာတော့ အက်စထရိုရဲ့ အဖွဲ့ခွဲ  ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ မွန်းဘင်နှင့် ဆန်ဟာတို့ဟာ နှစ်ယောက်တွဲအဖြစ် တက်ကြွစွာလှုပ်ရှားခဲ့ကြပါတယ်။ မွန်းဘင်နှင့်ဆန်ဟာတို့ဟာ သူတို့ရဲ့ တတိယမြောက် EP ဖြစ်တဲ့ “Incense” ကိုထုတ်ခဲ့ကြပြီး ပထမဆုံးကမ္ဘာလှည့်ခရီး “Diffusion,”ကို သွားခဲ့ကြပါတယ်။ မတ်၁၈ရက်နှင့် ၁၉ရက်မှာပြုလုပ်ခဲ့တဲ့ ဆိုးလ်ကပွဲနှင့်အတူဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ မတ်(၂၇)ရက်မှာ မနီလာ၊ ဧပြီ(၈)ရက်မှာ ဘန်ကောက်တို့မှာ ဖျော်ဖြေခဲ့ကြပါတယ်။ သူတို့ဟာ လာမယ့်လထဲမှာ ဂျပန်မှာဖျော်ဖြေဖို့ရှိပါတယ်။ မေ ၂၇ ရက်မှာ ဘူဆန်က အက်ဆပ်ပင်မအားကစားရုံကြီးမှာကျင်းပမယ့် “Dream Concert မှာလည်း သူဖျော်ဖြေဖို့ရှိနေပါတယ်။

ဘန်ကောက်မှာဖျော်ဖြေတုန်းက သူသိပ်နေမကောင်းဘူး။ အခုတော့နည်းနည်းသက်သာလာပါပြီ လို့ ပရိသတ်တွေကို မွန်း ဘင်က ပြောခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။

ဆိုးလ်မြို့က အေဆန်ဆေးရုံကြီးမှာ မွန်းဘင်ရဲ့ ဈာပနကိုကျင်းပပြုလုပ်ဖို့ရှိပါတယ်။

Source -koreajoongang

#မွန်းဘင်

#ကိုရီးယားကေပေါ့တ်စကားမွန်းဘင်ကွယ်လွန်

#YangonMediaGrouo