#World_News
Published_ 19 April 2023

ဩစတြီးယားလေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးဟာ လေယာဉ်ပေါ်က အိမ်သာ (၈)လုံးရှိတဲ့အထဲက (၅)လုံး ပျက်သွား တဲ့အတွက် နှစ်နာရီကြာပျံသန်းပြီးမှ ပြန်လှည့်လာခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ ဧပြီ ၁၇ရက် တနင်္လာနေ့က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဗီယင်နာ-နယူးယောက် ရှစ်နာရီကြာ ခရီးစဉ်အတွက် ဘိုးအင်း ၇၇၇ လေယာဉ်ပေါမှာ ခရီးသည် ၃၀၀ခန့်လိုက်ပါစီးနင်းခဲ့တာဖြစ်ပါတယ်။

နည်းပညာပြဿနာကြောင့် အိမ်သာတွေ ရေဆွဲချလို့မရဖြစ်ခဲ့ရတာကြောင့် လေယာဉ်အမှုထမ်းတွေဟာ လေယာဉ်ကို ပြန် လှည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အမျိုးသမီးက အေအက်ဖ်ပီကိုပြောခဲ့ပါတယ်။

သူမသိရသလောက်တော့ ဒီလိုမျိုးပြဿနာကို ဩစတြီးယားလေကြောင်းလိုင်းမှာ ယခင်ကမဖြစ်ခဲ့ဖူးပါဘူးလို့ သူမက ပြောပါတယ်။ အီဲဒလေယာဉ်က အိမ်သာတွေပြန်ပြုပြင်ပြီးလို့ လေယာဉ်က ပျံသန်းမှုတွေပြန်လုပ်နေပါပြီလို့လည်း သူမက ဆက်ပြောပါတယ်။

လေယာဉ်ပါခရီးသည်တွေဟာ အခြားလေယာဉ်တစ်စီးနှင့်ပြောင်းစီးခဲ့ကြရပါတယ်။
Source CNA
#ဩစတြီးယားလေကြောင်းလိုင်း #လေယာဉ်အိမ်သာပျက်
#YMG #Yangon_Media_Group