#World_Health
Published 18 February 2023

 

တစ်နေ့တာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စောစောအိပ် စောစောထရန်လိုအပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထိုကဲ့သို့ပြုလုပ်ရန် ခက်ခဲနေပါတယ်။

 

အကောင်းဆုံးအိပ်စက်နိုင်ဖို့ရာ အိပ်စက်ချိန်ပမာဏနဲ့ အိပ်ရာဝင်ချိန်တို့ မှန်ကန်ဖို့ လိုအပ်ပါတယ်။

 

ညဘက်စောစောအိပ်ရာဝင်ပြီး မနက်စောစောထခြင်းက ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်‌တွေနဲ့ ကိုက်ညီမှုရှိစေပါတယ်။

 

ခန္ဓာကိုယ်နေ့ညလည်ပတ်မှုပုံစံက ဦးနှောက်သဘာဝအိပ်စက်နိုးကြား အချိန်ဇယားတစ်ခုလိုပါပဲ။

 

လူတွေ အအိပ်ချင်ဆုံး အိပ်ငိုက်ဆုံးအချိန်တွေက နေ့လယ် ၁ နာရီမှ ၃ နာရီကြား၊ နံနက် ၂ နာရီမှ ၄ နာရီကြားဖြစ်ပါတယ်။

 

ညဘက်ကောင်းကောင်းအိပ်ပျော်တဲ့အခါ နေ့ဘက်အိပ်မငိုက်ချင်တော့ပါဘူး။

 

အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် ပုံမှန်ဖြစ်သွားတဲ့အခါ ဦးနှောက်က ကျင့်သားရသွားပါတယ်။

 

အလုပ်ချိန်မမှန် အိပ်ချိန်မမှန်တဲ့အခါ ဦးနှောက်နေ့ညလည်ပတ်မှုပုံစံ မမျှဘဲဖြစ်တတ်ပါတယ်။

 

အရွယ်ရောက်ပြီးသူတွေက တစ်ညကို အိပ်ချိန်အနည်းဆုံး ၇ နာရီရှိသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

 

အိပ်ရေးမဝတဲ့အခါ မခံမရပ်နိုင်ဖြစ်ခြင်း၊ မေ့လျော့တတ်ခြင်း၊ ဖျားနာတတ်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

မနက်အိပ်ရာထဖို့လိုတဲ့ အချိန်ထဲကနေ ၇ နာရီနှုတ်ပြီး အိပ်ရာဝင်သင့်ပါတယ်။

 

ဥပမာ မနက် ၆ နာရီထမယ့်သူဟာ ည ၁၁ နာရီအိပ်ရာဝင်သင့်ပါတယ်။
စောစောအိပ် စောစောထ၊ အချိန်မှန်အိပ်တာတောင် ကောင်းစွာအိပ်မပျော်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

 

Source: healthline
#Yangon_Media_Group