Published 16 Feb 2023

ဟောလီဝုဒ်ရဲ့ လိင်ဆွဲဆောင်မှုပြင်းသော ကာလသားကြိုက် မင်းသမီးအဖြစ်ထင်ရှားခဲ့တဲ့ ရေကွယ်ဝဲချ်ဟာ ဗုဒ္ဓဟူးနေ့က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။

သူမရဲ့ လော့အင်ဂျိလိအခြေစိုက် မန်နေဂျာ  ဂျိန်းမက်နိုက်က သူမဟာ နာမကျန်းခဏဖြစ်ပြီး ကွယ်လွန်သွားတာဖြစ်တယ်လို့ သတင်းထုတ်ပြနပေးပါတယ်။

သူမဟာ ၁၉၆၀ပြည့်နှစ်များနှင့် ၁၉၇၀ပြည့်နှစ်စောစောပိုင်းများမှာ "Bedazzled" ၊"Bandolero!" ၊"100 Rifles," ၊"Myra Breckinridge"နှင့်  "Hannie Caulder ရုပ်ရှင်ကားတွေမှာ နာမည်အလွန်ကြီးခဲ့ပါတယ်။

သူမဟာ ချီကာဂိုမှာမွေးဖွားခဲ့ပြီး ဖခင်မှာ ဘိုလစ်ဗီးယားက လေကြောင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ သူမငယ်ရွယ်စဉ်မှာ မိသားစုဟာ ကာလီဖိုနီးယားကိုပြောင်းရွှေ့လာခဲ့ပြီး သူမဟာ အလှမယ်ရွေးပွဲတွေ ဝင်မပြိုင်ခင် ဘဲလေးအကသင်ယူခဲ့ပါတယ်။

သူမဟာ ရာစုနှစ်တစ်ဝက်ကျော်နီးပါး ရုပ်ရှင်နှင့်အသက်မွေးခဲ့ပြီး ဇာတ်ကားပေါင်း ၃၀ကျော်နှင့် ရုပ်သံစီးရီးပေါင်း ၅၀ကျော်မှာ သရုပ်ဆောင်ခဲ့ပါတယ်။

Source Reuters

#Raquel_Welch

#Raquel_Welch_died