#World_News
Published 14 February 2023

 

အမေရိကန်တိုက်လေယာဉ်တွေဟာ ယခုလအတွင်း ပေအမြင့်မှာပျံသန်းနေခဲ့တဲ့ အရာဝတ္ထု ၄ ခုကို ပစ်ချခဲ့ပါတယ်။

 

၆၅ နှစ်တာကာလအတွင်း အမေရိကန်လေပိုင်နက်ထဲမှာ ပျံသန်းနေတဲ့အရာကို အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ်က ပထမဆုံးပစ်ခတ်ခဲ့တဲ့အကြိမ်လည်း ပါဝင်နေကြောင်း အရာရှိဗိုလ်ချုပ်ဂလင်းဗန်ဟာ့ခ်က ပြောကြားခဲ့ပါတယ်။

 

ဖေဖော်ဝါရီအစောပိုင်းက တရုတ်စပိုင်ပူဖောင်းတွေ့ရှိပြီးနောက် သတိထားစရာဖြစ်လာကာ ယခုရက်ပိုင်းအတွင်း ပစ်ချခြင်းတွေကို ဆက်တိုက်ဆောင်ရွက်လာရတာ ဖြစ်ပါတယ်။

 

အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအထက်မှာ စပိုင်ပူဖောင်းတွေ ပျံသန်းခိုင်းထားတယ်လို့ တရုတ်ကစွပ်စွဲခဲ့ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က ငြင်းဆိုလိုက်ပါတယ်။

 

အဆိုပါအရာဝတ္ထုတွေက ကမ္ဘာပြင်ပဂြိုဟ်သားတွေရဲ့ အရိပ်အယောင်မျိုး မတွေ့ရဘူးလို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အမေရိကန်နဲ့ ကနေဒါပေါ်ကနေ ပျံသန်းခဲ့တဲ့ အရာဝတ္ထု ၃ ခုကတော့ မြေပြင်ရှိလူတွေကို အန္တရာယ်မပြုနိုင်ကြောင်း၊ လုပ်ဆောင်ချက်တွေကလည်း အနည်းငယ်သာ ပါဝင်ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကပစ်ချခဲ့တဲ့ အရာက မီချီဂန်နားမှာ အမြင့်ပေ ၂ သောင်းကနေ ပျံသန်းနေခဲ့ပြီး ဟူရွန်ရေကန်အထက်မှာ ပစ်ချခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပစ်ချခဲ့တဲ့အရာကတော့ ကနေဒါယူကွန်မှာ အမြင့်ပေ ၄ သောင်းကနေ ပျံသန်းနေခဲ့ကာ အမေရိကန်-ကနေဒါနယ်စပ် မိုင် ၁၀၀ ဝန်းကျင်မှာ ပစ်ချခဲ့ပါတယ်။

 

အလက်စ်ကာမြောက်ကမ်းရိုးတန်းတလျှောက် အမြင့်ပေ ၄ သောင်းမှာ ပျံသန်းနေတဲ့အရာကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပစ်ချခဲ့ရာ ကားတစ်စီးအရွယ်မျှရှိတယ်လို့ သိရပါတယ်။

 

ပေ ၂၀၀ အမြင့်ရှိတဲ့ ပစ္စည်းတစ်ခုကိုတော့ အတ္တလန်တိတ်သမုဒ္ဒရာပေါ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ပစ်ချခဲ့ပါတယ်။

 

Source: npr
#Yangon_Media_Group