#World_Science
Published 12 February 2023

 

သိပ္ပံပညာရှင်တွေဟာ ပုန်းကွယ်နေတဲ့ ကမ္ဘာ့မြေလွှာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မြေမျက်နှာပြင်အောက် မိုင် ၁၀၀ ခန့်မှာတည်ရှိကာ ဂြိုဟ်တစ်ခုလုံးရဲ့ အနည်းဆုံး ၄၄ ရာခိုင်နှုန်းခန့်ကို ဖွဲ့စည်းထားပါတယ်။

 

တက်တိုနစ်အပေါ်ဆုံးလွှာ‌အောက်မှာ အရည်ကျိုကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့အလွှာဖြစ်ပြီး အနားသတ်ပျော့ပျောင်းတာကြောင့် ကျောက်ခဲမာများ ရွေ့လျားသွားနိုင်ပါတယ်။

 

အရည်ပျော်ခြင်းက စေးကပ်ခြင်းဆိုင်ရာမှာ အဓိကအစိတ်အပိုင်းဖြစ်တယ်လို့ ယူဆထားပေမယ့် အရည်ပျော်ခြင်းအလွန်များရင်တောင် အပေါ်ယံလွှာပေါ်ကို အနည်းငယ်မျှသာ သက်ရောက်နိုင်တယ်လို့ တွေ့ရှိခဲ့ကြကြောင်း တက္ကဆပ်တက္ကသိုလ်မှ ကျွန်လင်ဟွာက ဖော်ပြခဲ့ပါတယ်။

 

အရင်သီအိုရီများအရ တက်တိုနစ်လွှာရွေ့လျားခြင်းဟာ ကမ္ဘာ့အပေါ်ယံလွှာရှိ အရည်ကျိုကျောက်များ အပူစီးခြင်းကြောင့် ဖြစ်ပါတယ်။

 

အခုတွေ့ရှိချက်အရ ကျောက်ခဲမာတွေဟာ မျက်နှာပြင်အောက် ပွတ်တိုက်ရွေ့လျားနိုင်တာပါပဲ။

 

တက္ကဆပ်တက္ကသိုလ်မှ သုတေသီများက ဒီသီအိုရီကို ဆက်မလေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 

ဒီအချက်က ကမ္ဘာမြေကြီးအောက်မှာ ဘာဖြစ်နေလဲဆိုတာကို သိရဖို့ စောင့်ကြည့်ရေးတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

 

Source: DailyMail
#Yangon_Media_Group