#World_Health
Published 8 February 2023

 

သဘာဝအသားရေထိန်းသိမ်းရေး အလှကုန်ကုမ္ပဏီ ZAZA & CRUZ က စကော့တလန်နိုင်ငံ အဘားဒင်းမြို့ ရောဘတ်ဂေါ်ဒွန်တက္ကသိုလ်မှ သုတေသီများရဲ့ ကျွမ်းကျင်မှုဖြင့် ဝီစကီမှရရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အသုံးပြုပြီး အသားရေထိန်းသိမ်းရေးအလှကုန်များကို ထုတ်လုပ်နေကြပါတယ်။

 

ဒါဟာ ဝီစကီထဲကပစ္စည်းကိုအသုံးပြုပြီး ဆဲလ်တွေမှာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းကို ပထမဆုံးအကြိမ်လေ့လာတာဖြစ်ကြောင်း တက္ကသိုလ်ကဆိုပါတယ်။

 

ZAZA & CRUZ က သဘာဝပါဝင်ပစ္စည်းများကို အသုံးပြုပြီး ဆဲလ်များပျက်စီးခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းတို့ကို ကာကွယ်ပေးကာ အသားရေကို အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ပစ္စည်းတွေကို ထုတ်လုပ်လျက်ရှိပါတယ်။

 

ဝီစကီမှရရှိတဲ့ ပိုလီဖီနောလ်နဲ့ အဟာရဓာတ်များက ရောင်ရမ်းမှုကိုလျှော့ချခြင်း၊ နီမြန်းမှုကိုသက်သာစေခြင်း၊ အသားရေပျက်စီးမှုမှကာကွယ်ပေးခြင်းတို့ကို အကူအညီပေးနိုင်ကြောင်း သုတေသီများက ပြောပြပါတယ်။

 

အလှကုန်ပစ္စည်းတွေမှာ ဝီစကီထဲကပစ္စည်းတွေ အသုံးပြုရတဲ့အကြံဉာဏ်က ၁၉၇၀ ပြည့်နှစ်တွေမှာ ဂျပန်ကုမ္ပဏီက ဆာကေးကစော်ဖောက်ခြင်းကနေ အသားရေအတွက် အကျိုးရှိစေကြောင်း တွေ့ရှိခဲ့ခြင်းကနေ ရရှိခဲ့တာဖြစ်ပါတယ်။

 

RGU ၊ Interface တို့နဲ့လက်တွဲလုပ်ဆောင်ခြင်းကြောင့် အနာဂတ်မှာ လုပ်ငန်းကိုအထောက်အကူဖြစ်စေရန် အကူအညီပေးကြောင်း၊ ပံ့ပိုးမှုတွေပေးခဲ့တဲ့ စကော့တလန်အခြေစိုက်လုပ်ငန်းအနေနဲ့ အဖွဲ့ကို ကျေးဇူးတင်မဆုံးကြောင်း ZAZA & CRUZ တည်ထောင်သူ'ရေဘက်ကာဟေစ်တင်'က ပြောကြားခဲ့ပါတယ်။

 

ဟိုက်လန်းနဲ့ အိုက်လန်းအင်တာပရိုက်စ်တို့မှာ ရေဘက်ကာနဲ့ တွေ့ဆုံစဉ်က ယှဉ်တွဲမှုအကြောင်း၊ သူမရဲ့ဆန်းသစ်တီထွင်မှုအကြောင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ Interface မှ စီးပွားရေးအမှုဆောင်'ကီယာစတီဘူချာနန်'က ပြောပြခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group