#World_Health
Published 7 February 2023

 

လွန်ခဲ့တဲ့နှစ်တွေမှာ ကင်ဆာရှိပြီဆိုရင် အသက်ဆုံးပါးနိုင်တဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် ဆေးပညာတိုးတက်လာတဲ့အခါမှာတော့ ကင်ဆာအတော်များများကို ထိရောက်စွာကုသနိုင်တဲ့နည်းလမ်းတွေ ရှိလာပြီဖြစ်ပြီး ကာကွယ်နိုင်တဲ့ ကိရိယာများပင် ထွက်ပေါ်နေပါပြီ။

 

ဖေဖော်ဝါရီ ၄ ရက်နေ့ ကမ္ဘာ့ကင်ဆာနေ့မှာ အီချီလော့ဗ်ဆေးရုံ ကင်ဆာဌာနမှ ညွှန်ကြားရေးမှူးပရော်ဖက်ဆာ 'အီဒိုဝုဖ်'က ကင်ဆာအကြောင်း ပြောပြခဲ့ပါတယ်။

 

ကင်ဆာဆိုတာက သေခြင်းတရားလို့ ခေါ်စရာမလိုတော့သလို အဆိုးဆုံးအရာလည်း မဟုတ်ပါဘူးလို့ ပြောပြပါတယ်။

 

နောက်ပိုင်းနှစ်တွေမှာ ကင်ဆာကုသခြင်းနဲ့ပတ်သက်ပြီး အလွန်တိုးတက်လာပါတယ်။

 

ကင်ဆာဖြစ်ပွားနိုင်ချေက လျော့ကျလာပြီး ပြန်လည်သက်သာနိုင်ချေက မြင့်တက်လာတာကြောင့် ကောင်းမွန်တဲ့အခြေအနေဖြစ်ကြောင်း ဆိုပါတယ်။

 

တိုးတက်မှုတွေထဲမှာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ စစ်ဆေးခြင်းနည်းလမ်းများကြောင့်လို့ ပြောရမှာဖြစ်ပါတယ်။

 

"ကင်ဆာကို စောစီးစွာတွေ့ရှိရင် ကုသမှုအနည်းငယ်ပဲ လိုအပ်ပါမယ်၊ ကုသမှုတွေလုပ်ရမယ်ဆိုရင်လည်း အရင်ကနဲ့ယှဉ်ရင် အများကြီးပြောင်းလဲသွားပါပြီ၊ ဓာတုကုထုံးတွေပြုလုပ်ဆဲဆိုပေမယ့် ပြင်းထန်မှုနည်းပါးတဲ့ အခြားနည်းလမ်းတွေလည်း ပေါင်းစပ်အသုံးပြုနေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

 

အခုခေတ်ကုသနည်းတွေက လူနာအများစုမှာ ကုသနိုင်မှာဖြစ်ပြီး ကင်ဆာကနေ ပြန်လည်သက်သာနိုင်ပြီဖြစ်ပါတယ်။

 

အခုဆိုရင် သွေးစစ်ဆေးနည်းများဖြင့် အကျိတ်ငယ်လေးများကိုပင် တွေ့ရှိနိုင်စေရန် စမ်းသပ်ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

 

ကင်ဆာဖြစ်တဲ့အခါ လူအများစုက အကြောင်းအရင်းကို သိချင်ကြပေမယ့် အမြဲတမ်းတော့ မသိနိုင်ပါဘူး။

 

ကင်ဆာဖြစ်ရခြင်းမှာ ၅ ရာခိုင်နှုန်းခန့်က မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။

 

ဆေးလိပ်သောက်ခြင်း စတဲ့ပတ်ဝန်းကျင်အ‌ေခြအ‌ေနကြောင့် မျိုးဗီဇပြောင်းလဲခြင်းကနေ ၃၀-၃၅ ရာခိုင်နှုန်းရှိပြီး ၆၀ ရာခိုင်နှုန်းကတော့ တိကျတဲ့အကြောင်းအရင်း မရှိကြပါဘူး။

 

Source: The Jerusalem Post
#Yangon_Media_Group