#Asia_Science
Published 6 February 2023

 

တရုတ်နိုင်ငံရှိ သိပ္ပံပညာရှင်တွေဟာ စူပါနွားလို့ခေါ်တဲ့ နွားတွေကို ပုံတူပွားခဲ့ကြကြောင်း ဒေသတွင်းမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

 

အဆိုပါနွားတွေက သူတို့သက်တမ်းတလျှောက် နို့ပမာဏအမြောက်အများ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

 

နွားတွေကို ပုံတူပွားရခြင်းဟာ တရုတ်နိုင်ငံက နိုင်ငံခြားမှမျိုးနွယ်တွေကိုသာ အားထားနေရခြင်းကို လျှော့ချနိုင်ရေးအတွက် အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

 

တရုတ်မှ Global Times ရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံမှ နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ နွားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အခြားနိုင်ငံများကနေ တင်သွင်းတာဖြစ်ပါတယ်။

 

စူပါနွားပေါက်လေး ၃ ကောင်ကို တရုတ်အနောက်မြောက်ဘက် စိုက်ပျိုးရေးနဲ့ သစ်တောသိပ္ပံနည်းပညာတက္ကသိုလ်မှ ပုံတူပွားဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

 

သူတို့ကို ဇန်နဝါရီလ ၂၃ ရက်ဝန်းကျင်အတွင်း နင်ရှာဒေသမှာ မွေးဖွားခဲ့တာဖြစ်ကြောင်း မီဒီယာမှာဖော်ပြထားပါတယ်။

 

ထိုစီမံကိန်းရဲ့ ဦးဆောင်သိပ္ပံပညာရှင်'ကျင်ယာပင်း'က ပုံတူပွားခြင်းအောင်မြင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

 

"နိုင်ငံရပ်ခြားမှ နို့စားနွားများကို မှီခိုနေရခြင်းနဲ့ ဈေးကွက်လည်ပတ်မှုစနစ် ခက်ခဲလာခြင်းတို့ကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး ၂/၃ နှစ်အတွင်း စူပါနွားအကောင်ရေ ၁ ထောင်ကျော်လောက် ဖန်တီးနိုင်ရန် စီမံထားပါတယ်" လို့ Global Times ကို ပြောကြားခဲ့ပါတယ်။

 

ထိုနွားတွေကို နို့ထွက်နှုန်းမြင့်မားတဲ့ 'ဟိုလ်စတိန်းဖရီရှန်'အမျိုးအစားမှ ပုံတူပွားခဲ့ခြင်း ဖြစ်ပါတယ်။

 

ပုံတူပွားထားတဲ့နွားတွေဟာ သူတို့ရဲ့သက်တမ်းတလျှောက် နို့တန်ချိန် ၁၀၀ ထုတ်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

 

ဒါဟာ အမေရိကန်ရှိ သာမန်နွားမျိုးထက် ၁.၇ ဆနီးပါး ပိုမိုထုတ်လုပ်ပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

 

Source: WION
#Yangon_Media_Group