#World_Health
Published 4 February 2023

 

စတန်းဖို့ဒ်တက္ကသိုလ်မှ မျိုးဗီဇပညာရှင်'မိုက်ကယ်စနိုက်ဒါ'နဲ့အဖွဲ့က လက်ထိပ်သွေးဖောက်ခြင်းကရတဲ့ သွေးဖြင့် ပုံမှန်လက်မောင်းသွေးဖောက်ခြင်းကနေရတဲ့ သွေးကဲ့သို့ ရောဂါစစ်ဆေးနိုင်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

 

ယခုလို လက်ထိပ်သွေးဖောက်ခြင်းက ဆေးရုံဆေးခန်းသွားစရာမလိုသလို အလွယ်တကူပြုလုပ်နိုင်ပါတယ်။

 

စနိုက်ဒါက သူတို့ရဲ့နည်းပညာဟာ Theranos ကုမ္ပဏီရဲ့နည်းလမ်းကို အကျယ်ချဲ့လိုက်တာဖြစ်ကြောင်း ပြောပြပါတယ်။

 

Theranos ရဲ့နည်းလမ်းကလည်း သွေးတစ်စက်ပဲအသုံးပြုပေမယ့် စနိုက်ဒါရဲ့နည်းလမ်းကတော့ သွေးကိုဓာတ်ခွဲခန်းသို့ပို့ပြီး မော်လီကျူးအလုပ်လုပ်စေတာဖြစ်ပါတယ်။

 

အခြားကုမ္ပဏီတွေလည်း သွေးတစ်စက်နဲ့ စစ်ဆေးနည်းလမ်းတွေ စမ်းသပ်နေပေမယ့် စနိုက်ဒါရဲ့နည်းပညာက ဆရာဝန်ဆီသွားစရာမလိုဘဲ အိမ်မှာတင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 

ထိုသွေးတစ်စက်ကနေ ဇီဝဖြစ်စဉ်၊ ကိုယ်ခံအား၊ သွေးတွင်းသကြားဓာတ်၊ အခြားကျန်းမာရေးအချက်အလက်များ အပါအဝင် အကြောင်းအရာအမျိုးမျိုးကို စစ်ဆေးခဲ့ကြပါတယ်။

 

ထိုအချက်အလက်တွေကနေ ခန္ဓာကိုယ်မှာဖြစ်နေတာတွေကို သိရှိဖို့ သတိထားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာတွဲဖက်ပရော်ဖက်ဆာ 'ဝေဂေါင်'က ဒီနည်းပညာဟာ လူတွေရဲ့ဘဝမှာ လက်ထိပ်ကနေ အလွယ်တကူသွေးဖောက်ပြီး ကိုယ်တွင်းဖြစ်စဉ်တွေကို သိရှိနိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

စိတ်ဖိစီးမှုကို ခြေရာခံခြင်း၊ ရောဂါလက္ခဏာစောစီးစွာ သိရှိနိုင်ခြင်း၊ ဘယ်အစားအစာတွေက ပြဿနာဖြစ်စေခြင်း စတာတွေကိုလည်း သိရှိလာအောင် တဖြည်းဖြည်းအသုံးပြုသွားမှာဖြစ်တယ်လို့ စနိုက်ဒါကဆိုပါတယ်။

 

ဒါ့အပြင် ညစ်ညမ်းမှုများ၊ ဓာတုပစ္စည်းများ၊ ဘက်တီးရီးယား၊ ဝတ်မှုံများ၊ မှိုများကလည်း လူရဲ့သွေးထဲမှာ ဘယ်လိုသက်ရောက်စေလဲဆိုတာကို လေ့လာရန်ပြင်ဆင်နေကြပါပြီ။

 

သွေးစစ်ဆေးနည်းတွေကို အိမ်ကနေပဲပြုလုပ်နိုင်ဖို့ဆိုတာ တကယ်ဖြစ်လာနိုင်မှာပါလို့ ပြောပြသွားပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group