Published 15 January 2023

ကားတစ်စီးလုံး ရာနှုန်းပြည့် လျှပ်စစ်ကားဖြစ်တဲ့ ဂျစ် အက်ဗန်ဂျာ အက်ယူဗွီကား Jeep Avenger SUV ဟာ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကားအဖြစ် ဘရပ်ဆဲကားပြပွဲကပေးတဲ့ ဆုကိုရရှိသွားပါတယ်။

ဒါဟာ ဂျစ်ကားတစ်စီးအတွက် ပထမဆုံးရရှိတဲ့ဆုဖြစ်ပြီး အကောင်းဆုံးကား(၆)စီးကို ပြိုင်ဆိုင်ပြီးမှ  ယခုဆုကို ရရှိသွားခြင်းဖြစ်ပါတယ်။

အက်ဗန်ဂျာဂျစ်ဟာ စုစုပေါင်း ၃၂၈မှတ်ရရှိပြီး အကဲဖြတ်ဒိုင်တွေရဲ အကောင်းဆုံး ၂၁မဲရရှိခဲ့ပါတယ်။

ဥရောပ ၂၂ နိုင်ငံက အကဲဖြတ်ဒိုင် ၅၇ ဦးပါတဲ့အဖွဲ့က ဗောက်စ်ဝက်ဂွန်အိုင်ဒီ Volkswagen ID နှင့် ဘတ်ဇ် Buzz တို့ကိုလည်း  ဒုတိယဆုပေးခဲ့ပါတယ်။

Source AFP

#Jeep_Avenger

#Car_of the_Year_2023

#Brussels_International_Motor_Show