Published_ 14 Feb 2022
အာဆီယံတွင် နိုင်ငံတိုင်းတန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဟူသည့် မူနှင့် ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မလွှဲမရှောင်သာသော အခြေအနေ ကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက် နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ် တက်ရောက်စေနိုင်မည်မဟုတ်ကြောင်း နစကရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်ကြတဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ စုံညီစွာ ပါဝင် တက်ရောက်ရန် ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်း ဆောင်ရွက်မှုကို မြန်မာက အသိအမှတ်ပြုပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက် နိုင်ရေး အာဆီယံဥက္ကဋ္ဌအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သော်လည်း အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေး တွင် ယခင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌက တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာဖိတ်ကြားသွားရန် ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားကြောင်း ဖော်ပြထားပါတယ်။
အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုစသည့် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မြန်မာနိုင်ငံခြားရေးမူဝါဒတို့နှင့် သွေဖည်နေသည့်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ တွင် မြန်မာနိုင်ငံကပါဝင်တက်ရောက်နိုင်မှုမရှိခဲ့ကြောင်းဆက်လက် ဖော်ပြထားပါတယ်။
မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုရရှိရန် အာဆီယံ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတို့က မည်သို့ပင်ကြိုးပမ်းစေကာမူ မြန်မာနိုင်ငံက “မူ”အရ လက်မခံ နိုင်သည့် ယခင်ဆုံးဖြတ်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို စိတ်မကောင်း စွာတွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ” နှင့်အညီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘောဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
- Category: Myanmar
- Hits: 867
#DailyNews
Published - 11 Feb 2022
၁။ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် NSPNC တို့ တွေ့ဆုံရန် ပါတီအစုအဖွဲ့ပြန်လည်ဖွဲ့စည်းမည်
၂။ တမူးမြို့ အဝင်အထွက်ဂိတ်များကို ပြန်ဖွင့်ပေးဖို့ ဒေသခံများလိုလားနေ
၃။ မိုးလဝေသ သတင်း
၄။ ဘရာဇီးလ်နိုင်ငံ၏ ဆိုလာစွမ်းအင်လုပ်ငန်းမှ အလုပ်အကိုင်အများအပြား ဖန်တီးပေးနိုင်ခဲ့.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 367
#DailyNews
Published - 11 Feb 2022
၁။ လုပ်ငန်းလိုင်စင်ယူထားသော ယာဉ်များ မှတ်ပုံတင်ရမည်။
၂။ တမူးမြို့တွင် ကိုဗစ်လူနာ ၆၂ ဦး သာကျန်ရှိ ယခုဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးနှင့်ခရီးသွားလာခွင့်တွေကို ပြန်ဖွင့်ပေးဖို့ရှိနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တောင်အာဖရိကဝိုင် သက်တမ်း ၃၆၃ နှစ်ပြည့်အောင်ပွဲခံ.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 404
#DailyNews
Published - 10 Feb 2022
၁။ ၂၀၂၂ ခုနှစ် ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလ သတ်မှတ်မည်။
၂။ မြိုင်ရတနာ ကုန်စိမ်းဈေး၏ မူလဆိုင်ခန်းပိုင်ရှင်များအား နေရာချပေးနိုင်ရန် ယခုလကုန်တွင် စည်ပင်သို့အခန်းများအပ်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ၅ နှစ်ကြာသည့်တိုင်အောင် လည်ပင်းမှာဘီးတာယာစွပ်မိနေခဲ့သည့် မိချောင်းတစ်ကောင်ကို ကယ်တင်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 406
Published: 9 Feb 2022
ဖိလစ်ပိုင်မှာ သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေ ဖေဖော်ဝါရီ၈ရက် အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ မေ၉ရက်နေ့မှာ ကျင်းပမယ့် နောက်ထပ်ခြောက်နှစ်သက်တမ်းအတွက် သမ္မတအသစ် ရွေးကောက်ပွဲမတိုင်ခင် (၃)လ မတိုင်ခင် စတင်ခဲ့တာဖြစ်ပါတယ်။
သမ္မတလောင်း၁၀ဦးနှင့် ဒုတိယသမ္မတလောင်း(၉)ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုများအရ ယခင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သား အသက် ၆၄နှစ်အရွယ် မာဒီနန်မားကို့စ်ဂျုနီယာဟာ လူကြိုက်အများဆုံး ဖြစ်နေပါတယ်။
Source: CCTV Plus
- Category: World
- Hits: 571
#DailyNews
Published - 9 Feb 2022
၁။ စစ်အာဏာရှင်ဖြစ်စေ အရပ်သားအာဏာရှင်ဖြစ်စေ ဖက်ဒရယ်အတွက် အပြီးတိုင်ဖျက်သိမ်းရန် PPST ပြော။
၂။ YBS ကို YPS ကတ်ဖြင့်စီးသူများအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၄၀၀ ထက် ပို၍မသတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အကြွေးတင်ပြီး ထောင်ကျနေရသည့်သူများကို ကူညီရန်ရည်ရွယ်၍ အီရန်တွင်အကျဉ်းထောင်စားသောက်ဆိုင်ဖွင့်လှစ်.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 417
#DailyNews
Published -7 Feb 2022
၁။ ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်း ပိုမိုပြင်းထန်လာ။
၂။ စစ်တွေဆိပ်ကမ်းသို့ သင်္ဘောကြီးများဝင်ထွက်နိုင်ရေး သောင်တူးဖော်သည့်လုပ်ငန်းလုပ်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စစ်ပွဲဖြစ်လာနိုင်ချေများကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်နိုင်ငံသို့ ထပ်မံရောက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 377