#World_News
Published 27 Sept 2022

 

ကာကွယ်ဆေးထုတ်လုပ်တဲ့ ဖိုက်ဇာကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ ဒေါက်တာ အဲဘတ်ဘော်လာဟာ တစ်လအတွင်း နှစ်ကြိမ်မြောက် ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။

 

အသက် (၆၀)ရှိပြီဖြစ်တဲ့ သူဟာ ကုမ္ပဏီရဲ့ ကာကွယ်ဆေးကို လေးကြိမ်တိတိထိုးနှံခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် လလယ်က သူဟာ ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။

 

စနေနေ့က တွစ်တာမှာ သူက သူထပ်ပြီး ကိုဗစ်ကူးခံရတဲ့အကြောင်း ရေးတင်ခဲ့ပါတယ်။ သူဟာ နေလိုကောင်းပြီး ဘာရောဂါလက္ခဏာမှမရှိဘူးလို့လည်း ပြောပါတယ်။

 

ဒေါက်တာဘော်လာက သူ့အနေနှင့် အိုမီခရွန်မျိုးကွဲတွေကို မြင့်မြင့်မားမားကာကွယ်ပေးအောင် ဒီဇိုင်းလုပ်ထားတဲ့ ဖိုက်ဇာရဲ့ နောက်ဆုံးပေါ် နှစ်မျိုးတွဲ ကိုဗစ်ကာကွယ်ဆေးသစ်ကိုတော့ မထိုးနှံရသေးဘူးလို့လည်းပြောပါတယ်။

 

သူက သူ့ရဲ့ ဆက်တိုက်နှစ်ခါကူးစက်ခံရတာကိုကြည့်ပြီး လူတွေကို လက်ရှိအခြေအနေမှာ ကျေနပ်ပျော်ရွှင်မနေကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်။ “ ကျွန်တော်တို့ တိုးတက်မှုအကြီးကြီးတွေလုပ်ခဲ့ကြပြီးချိန်မှာ ဗိုင်းရပ်စ်က ကျွန်တော်တို့နှင့် အတူရှိနေတုန်းပဲဖြစ်တယ်” လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

 

အချိန်တိုတိုအတွင်း လူတစ်ယောက်ဟာ ကိုဗစ်နှစ်ကြိမ်ကူးစက်ခံရတယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ကိစ္စပါ။ သဘာဝအရ ကူးစက်ခံရခြင်းကိုက လပေါင်းများစွာ အားကောင်းစွာကာကွယ်မှုပေးနိုင်တာဖြစ်ပါတယ်။

 

စစ်ဆေးတာမှားယွင်းတာ ဒါမှမဟုတ် ယခင်ကူးစက်တုန်းက ဗိုင်းရပ်စ်အကြွင်းအကျန် ကျန်ခဲ့တာတွေဟာ ခပ်မြန်မြန်အတွင်း လူတွေ ထပ်ကူးစက်ခံခံရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

 

သူ့အနေနှင့် ငါးကြိမ်မြောက်ကာကွယ်ဆေးကိုထိုးလိုရဦးမှာ မဟုတ်ဘူး၊ဘာဖြစ်လိုလဲဆိုတော့ ပုံမှန်အရ ကူးစက်ခံရပြီး သုံးလ စောင့်ပြီးမှ ကာကွယ်ဆေးထိုးရမယ်လို့ CDC က ပြောထားလို့ပဲလို့ သူကပြောပါတယ်။

 

ပြီးခဲ့တဲ့လက သူကူးစက်ခံရစဉ်မှာ သူဟာ ဖိုက်ဇာရဲ့ ကိုဗစ်ဗိုင်းရပ်စ်တိုက် သောက်ဆေး ပက်ဇ်လိုဗစ် သောက်ခဲ့ပါတယ်။ အဲဒီဆေးဟာ အသက်ကြီးတဲ့ လူနာတွေလိုအန္တရာယ်များနေတဲ့ သူတွေကို ကုသဖို့ဖြစ်ပါတယ်။

Source Daily-Mail
#Pfizer_CEO
#Dr_Albert_Bourla
#Covid-19