ဘေဂျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) - တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် လာဘ်ပေးသူများကို ကြီးလေးသောပြစ်မှုများချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေပြင်ဆင်ချက် XII ကို အတည်ပြုခဲ့သည်။

ပုဒ်မ ရှစ်ခုပါ၀င်သော ပြင်ဆင်ချက်တွင် ထပ်ခါတလဲလဲ သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို လာဘ်ပေးကြသူများ၊ သို့မဟုတ် နိုင်ငံ့ဝန်ထမ်းများ၊ ကြီးကြပ်ရေးမှူးများ၊ အုပ်ချုပ်ရေးဥပဒေစိုးမိုးရေးအရာရှိများနှင့် တရားရေးအရာရှိများကို လာဘ်ပေးသူများကို ကြီးလေးသည့်ပြစ်ဒဏ်များချမှတ်နိုင်ကြောင်းဖော်ပြထားသည်။

နိုင်ငံတော်၏ အဓိကသော့ချက် သို့မဟုတ် အဓိကပရောဂျက်များတွင် လာဘ်ပေးမှုများ၊ သို့မဟုတ် အလုပ်ရာထူးနေရာ၊ ရာထူးတိုးခြင်း သို့မဟုတ် နေရာအပြောင်းအလဲများအတွက် လာဘ်ပေးသူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ခံရမည်ဟုလည်း သတ်မှတ်ထားသည်။

ဂေဟပတ်ဝန်းကျင်၊ ဘဏ္ဍာရေး၊ လုပ်ငန်းခွင်ဘေးကင်းရေး၊ အစားအသောက်နှင့် ဆေးဝါး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ လူမှုဖူလုံရေး၊ ပညာရေးနှင့် ဆေးဝါးကုသရေးစသည့် ကဏ္ဍများတွင် လာဘ်ပေး၍ ရာဇ၀တ်မှု ကျူးလွန်သူများနှင့် လာဘ်ပေးကာ တရားမ၀င်အကျိုးအမြတ်ရှိအောင်ဆောင်ရွက်သူများကိုလည်း ကြီးလေးသော ပြစ်ဒဏ်  ချမှတ်ရမည်ဟု ပြင်ဆင်ချက်တွင် ပြဋ္ဌာန်းထားသည်။

ပြင်ဆင်ချက်သည် ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။

 Source ■ Xinhua