Published_29 December 2023

လာမည့်၂၀၂၄ ခုနှစ်ကို “တရုတ်-အာဆီယံ ပြည်သူအချင်းချင်းအပြန်အလှန်ဖလှယ်ရေးနှစ်’’အဖြစ် အာဆီယံနှင့် တရုတ်နိုင်ငံတို့မှသတ်မှတ်ခဲ့ပြီး “တရုတ်-အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ်”Logo ဒီဇိုင်းပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။

အဆိုပါပြိုင်ပွဲကို တရုတ်-အာဆီယံစင်တာ၊ တရုတ်ပြည်သူ၏ ပြည်ပနိုင်ငံများချစ်ကြည်ရေးအသင်း (CPAFFC) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲအတွက် Logo ဒီဇိုင်းလက်ရာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပေးပိုရမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆုရရှိသူများကို ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပထမဆု (၁) ဦး - တရုတ်ယွမ်ငွေ ၃ သောင်း(သိန်း ၁၂၀ကျော်) + ဂုဏ်ပြုလက်မှတ်
ဒုတိယဆု (၂) ဦး - တရုတ်ယွမ်ငွေ ၁ သောင်း(သိန်း၄၀) + ဂုဏ်ပြုလက်မှတ်
တတိယဆု (၅) ဦး - တရုတ်ယွမ်ငွေ ၅ ထောင်(သိန်း၂၀)+ ဂုဏ်ပြုလက်မှတ်
ကျန်ရှိသော အချို့ပြိုင်ပွဲဝင်များကို ပါဝင်ယှဉ်ပြိုင်ခြင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း၊
ပါဝင်ယှဉ်ပြိုင်မည့် လက်ရာများကို This email address is being protected from spambots. You need JavaScript enabled to view it. သိုပေးပို့၍ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့်
သိရှိလိုသည်များကို This email address is being protected from spambots. You need JavaScript enabled to view it. တွင်မေးမြန်းနိုင်ကြောင်းသိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်သည့်အချက်အလက်များကို https://www.zcool.com.cn/events/ChinaAseandesign2024/e_index?goto=navတွင် ဝင်ရောက်ဖတ်ရှုနိုင်ကြောင်းသိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group