တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဘေဂျင်းကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဇွန်၁၉ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် အပြန်အလှန်လေးစားမှုနှင့်ရိုးသားမှုကို ရှီက အလေးပေးပြောဆိုခဲ့တယ်လို့ CCTVက သတင်းထုတ်ပြန်ပါတယ်။

ဘလင်ကန်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ညွန်ကြားရေးမှူး ဝမ်ယီနှင့် နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး  ချင်းကန်တို့နှစ်ဦးနှင့် အရင်တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

Source CCTV +

#US_China_Relations

#Xi_Blinken