၁၆ ဇွန် ၂၀၂၁

တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ အုတ်မြစ်ဟာ ပြည်သူများတွင်တည်ရှိနေတာဖြစ််တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမှာရောက်ရှိနေတဲ့  ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းရဲ့ ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ ဘီလ်ဂိတ်ကို သောကြာနေ့က ပြောကြားလိုက်ပါတယ်။

“ အဆွေတော်ကို တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်တို့မတွေ့တာ သုံးနှစ်ကျော်ပါပြီ။  တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆွေတော်က အများကြီးလုပ်ဆောင်နေခဲ့ပါတယ်။ အဆွေတော်ဟာ ကျွန်တော်တို့ရဲ့ မိတ်ဟောင်း ဆွေဟောင်းပါ။  ဒီနှစ်အတွင်းမှာ အဆွေတော်ဟာ ကျွန်တော်ပထမဆုံးတွေ့ဆုံရတဲ့ အမေရိကန်မိတ်ဆွေပါ” လို့ ရှီက မိုက်ခရိုဆော့ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ကိုပြောဆိုခဲ့ပါတယ်။

Source CCTV+

#ရှီကျင်ဖျင်နှင့်ဘီလ်ဂိတ်

#တရုတ်-အမေရိကန်ဆက်ဆံရေး

#YangonMediaGroup