Published 14 April 2023

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ကို ဧပြီ၁၁ ရက်က သွားရောက်ခဲ့ပြီး တရုတ်စစ်တပ်ရဲ့ မျက်နှာစာအားလုံးမှာ ခေတ်မီအောင် အဆင့်မြှင့်တင်ကြဖို့ အလေးပေး ပြောဆိုသွားတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့  ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအပြင်  ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ရှီ က မျက်နှာစာအားလုံးခေတ်မီအောင်အဆင့်မြှင့်ဖို့နှင့် လေ့ကျင့်ရေးနှင့် တိုက်ပွဲဝင်အသင့်အနေအထားဖြစ်အောင် တိုးမြှင့် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

Source CCTV+

 

#တရုတ်သမ္မတရှီကျင့်ဖျင်

#တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်_တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်

#YangonMediaGroup