Published 26 March 2023

စင်္ကာပူနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံအနေနှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို ဖြစ်မြောက်အောင် ပံ့ပိုးပေးရာမှာ ပိုပြီးလုပ်နိုင်စွမ်းရှိနေတယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောကြားလိုက်ပါတယ်။

တရုတ်နှင့်အာဆီယံတို့ဟာ တစ်ဖက်နှင့်တစ်ဖက် အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး နှစ်ဘက်အကြား ကုန်သွယ်မှု ပမာဏဟာ နှစ်ပေါင်း၃၀အတွင်း အဆပေါင်းများစွာပွားလနေပါတယ်။ တရုတ်နှင့်အာဆီယံအကြား အပြန် အလှန်ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၁၀ ဘီလျံကိုကျော်လွန်သွားပြီလည်းဖြစ်ပါတယ်။

စင်္ကာပူဟာ နှစ်ဘက်အကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အသေးငယ်ဆုံးအဖွဲ့ဝင်နိုင်ငံတွေထဲက တစ်နိုင်ငံအနေနှင့် ပိုမိုကြီးမားတဲ့ အရွယ်အစားဖြစ်လာအောင် ကမကထပြုအကျိုးဆောင်သူအဖြစ်ဆောင်ရွက်ပေးနိုင်တယ်လို့ စင်္ကာပူ ဝန်ကြီးချုပ်က တရုတ်ဗဟိုရုပ်မြင်သံကြား CCTV နှင့်အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

Source CCTV+

 

#တရုတ်_အာဆီယံစီးပွားဆက်ဆံရေး

#စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း

#YangonMediaGroup