#Local_News
Published_ 10 January 2023

ဂျပန်ပညာတော်သင်အခွင့်အရေးရရှိနိုင်မည့်Study in Japan Fair 2023ပွဲအွန်လိုင်းကနေတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

MAJAအဖွဲ့မှကြီးမှူးကျင်းပပေးခြင်းဖြစ်ပြီး ဂျပန်ပညာရေးအဖွဲ့အစည်း(၅၃) ခု ပါဝင်ဆင်နွဲကြမည် ဖြစ်သည်၊၊

၂၀၂၃ဇန်နဝါရီလ(၂၃)ရက်တွင် Online Universities၊ Schools Information Seminar ကိုကျင်းပသွားမည်ဖြစ်ပြီး Zoom Group Discussion ကိုတော့၂၀၂၃ဇန်နဝါရီလ(၂၃)ရက်မှ(၂၈)ရက်အထိကျင်းပသွားမည်ဖြစ်သည်၊၊

 

အဆိုပါ Study in Japan Fair 2023ပွဲကို ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ သက်မွေးပညာသင်ဥပစာကောလိပ်နဲ့ ဂျပန်ဘာသာစကားကျောင်းစတဲ့ ပညာရေးအဖွဲ့အစည်း (၅၃)ခုက ပါဝင်သွားမည်ဖြစ်ပြီး Special Website တွင် တက္ကသိုလ်များ၏ မိတ်ဆက်အကြောင်းအရာများ ဖော်ပြထားမည် ဖြစ်သည်၊၊

 

Study in Japan Fairမှာ ပါဝင်တက်ရောက်လိုပါက Special website: https://2023.studyinjapan-asean.com/ 
Registration Link: https://schoolynk-event.com/events/95e19d09-42c3-4b77-9c58-a6e137c1da49/registration/profile တွင် စတင်စာရင်းသွင်းနိုင်ကြောင်း သိရသည်၊၊

 

Online Study in Japan Fair 2023 မှာ ပါဝင်သွားမယ့် တက္ကသိုလ်များအနေဖြင့် Asia University ၊Chiba University ၊ Digital Hollywood University၊Eikei University of Hiroshima ၊ Graduate Institute for Entrepreneurial Studies အပါအဝင် တက္ကသိုလ်(၄၈)ခု၊ ဂျပန်ဘာသာစကားကျောင်း I.C.Nagoya Japanese language School ၊Kyoshin Language Academy ၊Tokyo Galaxy Japanese Language Schoolစသည့်(၃)ကျောင်း၊ သက်မွေးပညာသင်ဥပစာကောလိပ်အနေဖြင့် Idea IT College Aso ၊Japan IT Business College တို့ပါဝင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group