#Local_News
Published_ 10 January 2023

 

ရွှေလီနယ်စပ်ဂိတ်မှပြည်ဝင်မည့်သူများ ကျန်းမာရေးကုဒ်မလိုတော့ဘဲ(၄၈)နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်မရှိကြောင်းအထောက်အထားပြသရန်သာလိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်၊၊

 

ထုတ်ပြန်ချက်တွင် ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုဒ်လျှောက်ထားရယူရန်မလိုအပ်တော့ဘဲ(၄၈)နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကိုသာ လိုအပ်ပါသည်ဟု ဖော်ပြထားသည်၊၊

 

ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဉ်မောင်းနှင့် ယာဉ်၏အချက်အလက်များကို အကောက်ခွန်ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည်ဝင်နိုင်သည်ဟု ဆိုသည်၊၊

 

ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် “B အဆင့်ကူးစက်မှုရောဂါကို B အဆင့် စီမံထိန်းချုပ်မှု” အကောင် အထည်ဖော်ဆောင်ပြီး ပြည်ဝင်လာသူများနှင့် ကုန်ပစ္စည်းများ စသည်တိုအပေါ် ကူးစက်ရောဂါစစ်ဆေးရေး စီမံခန့်ခွဲမှုအစီအမံများ မကျင့်သုံးတော့ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊

 

ဇန်နဝါရီလ (၈)ရက်တွင် ယူနန်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ်ဂိတ်၊ တရုတ်-ဗီယက်နမ်နယ်စပ် ဟိုခို နန်ရှီးမြစ်နယ်စပ်ဂိတ်၊ တရုတ်-လာအိုနယ်စပ် မိုဟန်နယ်စပ်ဂိတ်တို၌ ဂိတ်ဖြတ်သန်းသွားလာရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်-မြန်မာနယ်စပ် တယ်ဟုန် တိုင်တိုင်းရင်းသား၊ ဂျိန်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြိုရှိ ရွှေလီနယ်စပ်ဂိတ်သည် တရုတ်-မြန်မာကုန်သွယ်ရေး၏ အကြီးဆုံး ကုန်းလမ်းနယ်စပ်ဂိတ် ဖြစ်ပြီးရွှေလီနယ်စပ်ဂိတ်ရှိ ပြည်ဝင်ပြည်ထွက်လမ်းကြောင်းအသီးသီးကို တပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ပြည်ဝင်ပြည်ထွက်ခရီးသည်များသည် စနစ်တကျတန်းစီ၍ နယ်စပ်ကာကွယ်ရေးစစ်ဆေးမှုများကို ခံယူကြကြောင်းဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group