#Local_News
Published_ 7 January 2022

 

အာဆီယံကော်မတီဝါရှင်တန်၏ လှုပ်ရှားမှုအဖြစ် ကော်မတီအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်သံအမတ်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ ဒုလက်ထောက်ဝန်ကြီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင်နှင့်အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက်ဝန်ကြီးတို့အား အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် ဝါရှင်တန်မြို့ရှိ ဘရူနိုင်းဒါရူဆလမ်သံရုံး၌ ဇန်နဝါရီ ၅ ရက်က တည်ခင်းဧည်ခံခဲ့ပါတယ်။

 

အဆိုပါအစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ယင်းအစီအစဉ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ အရှေ့တောင် အာရှဒေသဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

 

အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲတွင် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာ မြောက် မိတ်ဘက်ဆက်ဆံရေး စတင်ထူထောင်နိုင်မှု စသည်တို့ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် လာမည့်ကာလများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group