Published_ 30 December 2022

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် အိမ်ကားတစ်စီး စလစ်ဖြစ်ကာ ကုန်ကားအောက်ဝင်သွား၍ပိမိရာမှ ကားပေါ်ပါ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုန်ကား‌အောက်ပိမိ‌နေသည့်အတွက် သေဆုံးသွားသူများ အိမ်စီးကားပေါ် ညပ်နေ၍ လူမှုကူညီရေးအဖွဲ့များက ဆွဲထုတ်ယူရသည်ထိ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

" ဖြစ်တာက မော်လမြိုင် ဈေးကြို ဒေါင်းဇရပ်မှာ ဖြစ်တာပါ၊ရန်ကုန်လိုင်စင် အိမ်စီးကားလေးက စလစ်ဖြစ်ကာ ကုန်ကားအောက်ဝင်သွားတာလို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ အခင်းဖြစ်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

photo-Saw Win Shine
ymg/mt
Yangon_Media_Group