#Local_News
Published_ 30 December 2022

ကမ္ဘာ့သာသနာပြုချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ပူဇော်ပွဲကို ဒီဇင်ဘာလ(၃၁)ရက်မှဇန်နဝါရီလ(၂)ရက်အထိ သုံးရက်တိုင်တိုင် ကမ္ဘာအေးဘုရားလမ်းရှိချမ်းမြေ့ရိပ်သာကျောင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ချမ်းမြေ့ရိပ်သာကျောင်းမှသိရသည်၊၊

 

သက်တော်(၉၅)နှစ်ရှိပြီဖြစ်သောကမ္ဘာ့သာသနာပြုချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တော်များကို ပူဇော်သည့် အနေဖြင့် ဒဿမအကြိမ်မြောက်အဖြစ် စုပေါင်းပူဇော်ကြမည်ဖြစ်ပြီးပူဇော်ပွဲတွင် ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းများအနေဖြင့်ဆရာတော်၊သံဃာတော်များကိုဆရာတော်ကြီးနှင့်အတူပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်၊၊

 

ကိုဗစ်ကာလများတွင် ကိုဗစ်ဖြစ်ပွားမှုများကြောင့် ဆရာတော်ကြီး၏ ပူဇော်ပွဲကို မကျင်းပဖြစ်ဘဲ ယခု ၂၀၂၂ နှစ်သစ်ကူးချိန်မှ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်၊၊

 

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၃၁)ရက် နံနက်(၈)နာရီတွင် စတင်မည်ဖြစ်ပြီး ပူဇော်ပွဲကို မလာရောက်နိုင်သည့် ကမ္ဘာအရပ်ရပ်က ဓမ္မမိတ်ဆွေများအနေဖြင့် Chammyae Meditation Center Pageတွင် liveထုတ်လွှင့်သွားမည်ဖြစ်သလို ပြည်ပကဓမ္မမိတ်ဆွေများအတွက်လည်း Zoom linkများ စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ Fortune TV ရုပ်သံလိုင်းနှင့် Fortune TV Pageများမှလည်း ဝင်ရောက်ကြည့်ရူ ပူဇော်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group