#Local_News
Published_ 30 December 2022

 

လာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းကို အကောင်းဆုံးပြင်ဆင်ထားကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

 

အသင်းရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး အကောင်းဆုံးအစီအစဉ်တွေ ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ လာအိုနဲ့ ပွဲမှာ အနိုင်ရဖို့အကောင်းဆုံးပြင်ဆင်သွားမှာဖြစ်ပါတယ်" ဟု နည်းပြချုပ် အန်တွမ်နီဟေးကဆိုသည်။

 

ထို့အပြင် မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက လက်ရှိကျင်းပြနေသော AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲအပြီးတွင်လည်း အခြားပွဲစဉ်‌များအတွက် စနစ်တကျ ပြင်ဆင်သွားရန် စီစဉ်ထားပြီး၊ အတွေ့အကြုံရှိ ကစားသမားများနှင့် လူငယ်မျိုးဆက် ကစားသမားများကို အချိုးညီညီ တွဲဖက်ကစားနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

 

မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုအသင်းတို့သည် ယနေ့ညနေ ၄နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြို့သုဝဏ္ဏဘောလုံးအားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

 

လက်ရှိတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် စင်ကာပူအသင်းအား ၃ ဂိုး ၂ဂိုးဖြင့်လည်းကောင်း၊ မလေးရှားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ရှုံးနိမ့်ထားသည်။

 

"စင်္ကာပူနဲ့ ကစားတဲ့ပွဲအပြီးမှာ ဂိုးသမားအပါအ၀င်ကစားသမားတချို့ ဒဏ်ရာ ပြသာနာတွေရှိနေပါတယ်။ မလေးရှား၊ စင်္ကာပူနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်း မရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။" ဟု အန်တွမ်နီဟေးက ပြောသည်။

#ymg/myn
#Yangon_Media_Group