#Local_News
Published_ 29 December 2022

 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြိုနယ်၊ ဝေဒီကျေးရွာရှိ မင်္ဂလာဆောင်‌ နေအိမ်တစ်ခုတွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ လူဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။


အဆိုပါ‌ ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်နေအိမ်သို့ လာရောက်သည့် ကလေးငယ်အပါအဝင် လူကြီး ၁၆ ဦးခန့်ထိခိုက်ဒဏ်ရရှိခဲ့ကာ၊ ယင်းအနက်သုံးဉီးမှာ ပြင်ထန်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

 

ယ‌နေ့တွင် ဝေဒီကျေးရွာအတွင်း မင်္ဂလာဆောင်ပြုလုပ်နေသည့် နေအိမ်နှစ်အိမ်ရှိသည့်အနက် ကျေးရွာအရှေ့ပိုင်းတွင် ပြုလုပ်နေသော မင်္ဂလာဆောင်နေအိမ်မှ ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်မှ ဒဏ်ရာရရှိသူများကို ဒေသအခြေစိုက် ပရဟိတယာဉ် သုံးစီးခန့်ဖြင့် ထားဝယ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#ymg/myn
#Yangon_Media_Group