#Local_News
Published_ 29 December 2022

 

ဒီဇင်ဘာ (၂၂) ရက်နေ့စာရင်းများအရ YBS စီးနင်းသူအရေအတွက်မှာ ၁.၆ သန်း အထိရှိကြောင်း YRTC ရဲ့ ဒုတိယဥက္ကဋ္ဌက ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းကပြုလုပ်တဲ့ YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။

 

ရန်ကုန်မြို့တွင်း သွားလာရန်အတွက် YBS မှာ အဓိကအကျဆုံး ဖြစ်သဖြင့် ယာဉ်မောင်းတစ်ဦး၏ တာဝန်ယူသယ်ယူပိုဆောင်ရတဲ့ နေ့စဉ်ပျှမ်းမျှ ခရီးသည် ၄၀၀ ဦးရဲ့ အသက်မှာ ယာဉ်မောင်းများလက်တွင်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ထို့နောက် ယာဉ်မောင်းများ သိသင့်သိထိုက်တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးချက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ယာဉ်မောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကို တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့် မန်က ဆွေးနွေးခဲ့ပါတယ်။

 

အဆိုပါဆွေးနွေးပွဲသို့ YRTC ၏ ဥပဒေပညာရှင်၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၊ YRTC ကော်မတီဝင်တို့က ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပိုချခဲ့ပါတယ်။ အသိပညာပေးဆွေးနွေးပွဲသို့ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ YBS ယာဉ်မောင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

YRTC အနေဖြင့် YBS ယာဉ်စီးရေ ၃၅၀၀ စီးခန့်ကို စီမံကြီးကြပ်ပေးရတဲ့ အဖွဲ့ အစည်းဖြစ်ပြီး၊ YBS၊ City Taxi၊ ကုန်စည်နှင့် အဝေးပြေးယာဉ်များကို ကြီးကြပ် လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

#Yangon_Media_Group