#Local_News
Published_ 27 December 2022

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ မိုင်တိုင်အမှတ်(၁၃၆/၆)နှင့် (၁၃၆/၇)ကြားတွင် ခရီးသွားလိုက်ထရပ်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ‌အနီးရှိချောက်အတွင်းထိုးကျ တိမ်းမှောက်ခဲ့ရာ၊ ယာဉ်ပေါ်ပါ ခရီးသွား ၁၁ ဦးအနက် ၆ ဉီးဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ဒီဇင်ဘာလ ၂၇ရက် နံနက် ၈နာရီ ၁၃မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခဲ့ရကြောင်းသိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူ ၆ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဉီးကို မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။

 

#ymg/myn
#Yangon_Media_Group