#Local_News
Published_ 26 December 2022

 

AFF Mitsubishi Electric Cup 2022 တတိယမြောက်အုပ်စုပွဲစဉ်ကို ဒီဇင်ဘာလ ၃၀ ရက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့်လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံမှ သိရသည်။

 

အဆိုပါ ပွဲစဉ်ကို မြန်မာနိုင်ငံ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ ယခုကစားမည့်ပွဲစဉ်သည် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ တတိယမြောက်အုပ်စုပွဲစဉ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သော ဒီဇင်ဘာလ ၂၄ ရက်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် AFF Mitsubishi Electric Cup 2022 အုပ်စု ဒုတိယမြောက်ပွဲစဉ်အား စင်ကာပူနိုင်ငံ လန်ဘီဆာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် အသင်းအား (၃-၂) ဂိုးဖြင့် ရှုံးနိမ်ခဲ့သည်။

 

မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း – နန္ဒကျော်၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း – မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ လင်းထက်စိုး၊ လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် အိမ်ရှင်အသင်းအား ရင်ဆိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

 

#ymg/myn
#Yangon_Media_Group